အခြေအနေဆိုးများမှ မန်ယူပြန်လည်ရုန်းထလာမည်ဟု မာတာ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝုဖ်ဘတ်နှင့်ပွဲက ဂိုးသွင်းခွင့်လွဲချော်ပြီးနောက် စိတ်ပျက်နေသည့် မာတာ

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ် ၅ ပွဲတွင် နိုင်ပွဲမရှိခဲ့သော မန်ယူအသင်းကွင်းလယ်လူ မာတာက ရလဒ်ဆိုးများကိုရပ်တန့်ကာ မန်ယူပြန်လည်ရုန်းထလာမည်ဟု ၎င်း၏ ကိုယ်ပိုင်ဘလော့ဂ်တွင်ရေးသားခဲ့ကြောင်း သိရသည်။

မန်ယူသည် ယခင်တစ်ပတ်အင်္ဂါနေ့က ဝုဖ်ဘတ်ကို ၃-၂ ဖြင့်ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှထွက်ခွာခဲ့ပြီး ပရီးမီးယားလိဂ်၌လည်း စနေနေ့ကဘုန်းမောက်ကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သည်။

၎င်း၏အင်တာနက်ဘလော့ဂ်တွင် မာတာက “အခုချိန်ဟာ ကျွန်တော်တို့ အရင်ထက်ပိုပြီး စည်းလုံးညီညွတ်ဖို့လိုပါတယ်။ အရာအားလုံးဟာ ပြောင်းလဲတဲ့သဘာဝရှိပြီး အသင်းရဲ့ရလဒ်ဆိုးတွေရပ်တန့်ဖို့အချိန်ရောက်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ ရလဒ်တွေပိုမိုကောင်းမွန်လာဖို့ အရေးကြီးလာပါပြီ။ ရှုံးပွဲတွေကြောင့် အားလုံးစိတ်ထိခိုက်ရပေမယ့် ပြန်ရုန်းကန်နိုးထပြီး နောက်ပွဲတွေအတွက် ပြင်ဆင်ထားရမှာပါ။  ခိုင်မာတဲ့ယုံကြည်မှုနဲ့ တစ်ဦးချင်းစီ အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပေးဆပ်မယ်ဆိုရင် အခုအခြေအနေကနေ လွန်မြောက်နိုင်မှာပါ။ ပရီးမီးယားလိဂ်ဟာ ကာလရှည်ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် ရှေ့မှာကစားရမယ့် ပွဲစဉ်တွေ အများကြီးရှိနေပါသေးတယ်။ သေချာတာတစ်ခုက ကျွန်တော်တို့ဟာ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ပါဘူး” ဟုရေးသားခဲ့သည်။

မန်ယူသည် လာမည့် စနေနေ့တွင် နောဝစ်ခ်ျကို အိမ်ကွင်း၌လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ဘောက်ဆင်ဒေးတွင် စတုတ်ကို အဝေးကွင်း၌လည်းကောင်း၊ ဒီဇင်ဘာ ၂၈ တွင် ချဲလ်ဆီးအား အိမ်ကွင်း၌လည်းကောင်း တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!