အဆင့် ၁ နေရာဆက်ထိန်းရန် မန်စီနီမျှော်လင့်
|
အင်တာမီလန်နည်းပြမန်စီနီက လာမည့်နှစ်ဘောလုံးရာသီတွင်လည်း လက်ရှိအမှတ်ပေးဇယားအဆင့် ၁ နေရာဆက်ထိန်းနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အင်တာမီလန်သည် ပြီးခဲ့သည့်စီးရီးအေပွဲစဉ် ၁၆ တွင် အူဒီးနီးစ်အိမ်ကွင်း၌ ၀-၄ ဂိုးဖြင့်အနိုင်ရခဲ့သဖြင့် ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဖီအိုရင်တီးနားကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့သည်။
ထို့ကြောင့် နည်းပြမန်စီနီက ”လာမယ့်နှစ်သစ်မှာလည်း အဆင့် ၁ နေရာနဲ့အဆုံးသတ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးအဆုံးသတ်ရမှာဖြစ်သလို ကျွန်တော်တို့အသင်း သွင်းဂိုးတွေရဖို့ အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ဖို့မမေ့ပါဘူး။ ကောင်းမွန်ခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောာင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။
အူဒီးနီးစ်ကိုအနိုင်ရရှိခဲ့သည့်ပွဲတွင် အင်တာမီလန်အတွက် ၂ ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူးအိုင်ကာဒီမှာ ၂၀၁၄-၁၅ စီးရီးအေဘောလုံးရာသီ၏ ဂိုးသွင်းအများဆုံးကစားသမားဆုရရှိခဲ့ပြီး အကောင်းဆုံးတိုက်စစ်မှူး ၃ ဦး စာရင်း၌ ပါဝင်ခဲ့ကြောင်းသိရသည်။
Next : တိုက်စစ်မှူးဒိုင်ဘာလာကို ရောင်းချမည်မဟုတ်ကြောင်း ဂျူဗင်တပ်ထုတ်ပြန်