တိုက်စစ်မှူးဒိုင်ဘာလာကို ရောင်းချမည်မဟုတ်ကြောင်း ဂျူဗင်တပ်ထုတ်ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဂျူဗင်တပ်မှရောင်းထုတ်မည်မဟုတ်ဟု ဆိုလိုက်သည့် ဒိုင်ဘာလာ

ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် မန်ယူမှခေါ်ယူရန်ပြင်ဆင်နေသော တိုက်စစ်မှူးဒိုင်ဘာလာမှာ အသင်းမှထွက်ခွာဖွယ်ရှိသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ဂျူဗင်တပ်မှထုတ်ပြန်ခဲ့သည်။

ဒိုင်ဘာလာသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပါလာမိုအသင်းမှ ယူရို ၃၂ သန်းဖြင့် ဂျူဗင်တပ်သို့ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ၂၅ ပွဲကစားပြီးချိန်တွင် ၉ ဂိုးသာ သွင်းယူနိုင်သဖြင့် အသင်းမှရောင်းချဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

မန်ယူဘက်မှလည်း တိုက်စစ်မှူးရွန်နီပုံမှန်ခြေစွမ်းပျောက်ဆုံး၍ မာရှယ်တစ်ဦးတည်းကိုသာ အားထားနေရသဖြင့် ဒိုင်ဘာလာကိုခေါ်ယူရန် ဆက်သွယ်လျက်ရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒိုင်ဘာလာ၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဂျူဗင်တပ်အမှုဆောင်အရာရှိချုပ်မာရော့တာက ”ဒိုင်ဘာလာကို ရောင်းချမှာမဟုတ်ပါဘူး။ သူ့အတွက် ကျွန်တော်တို့ အရင်းအနှီးကြီးကြီးမားမား သုံးစွဲထားရတာပါ။ အခုအချိန်ထိ သူ့ရဲ့ခြေစွမ်းမှန်မပြနိုင်သေးပေမယ့် ဂျူဗင်တပ်မှာ သူဆက်ပြီးကစားရဦးမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!