ခရစ္စမတ်ကာလတွင် နံပါတ် ၁ နေရာရောက်ရှိရန် ပစ်မှတ်ထားကြောင်း အာစင်ဝင်းဂါး ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲကျပ်ကာလတွင် အမှတ်ပေးဇယားဦးဆောင်သူဖြစ်လိုသည့် အာစင်ဝင်းဂါး

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ တွင် ဗီလာအိမ်ကွင်း၌ ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လက်စတာ-ချဲလ်ဆီးပွဲမတိုင်မီ အမှတ်ပေးဇယားထိပ်ဆုံးသို့ရောက်ရှိခဲ့သဖြင့် လာမည့်ခရစ္စမတ်ပွဲကျပ်ကာလတွင် အဆင့် ၁ နေရာရရှိရန်ပစ်မှတ်ထားကြောင်း နည်းပြအာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

ထို့အပြင်အဆိုပါနည်းပြက လာမည့်တစ်ပတ်တွင် မန်စီးတီးနှင့်ယှဉ်ပြိုင်မည့်ပွဲမှာ ပွဲကြီးပွဲကောင်းဖြစ်ပြီး အဆိုပါပွဲတွင် ရလဒ်ကောင်းပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နည်းပြအာစင်ဝင်းဂါးက ”အဲဒီပွဲအတွက် ပြင်ဆင်ချိန်တစ်ပတ်ရှိပါတယ်။ အားပြန်ဖြည့်ဖို့ အချိန်ရှိပါသေးတယ်။ ဒီပွဲက ပွဲကြီးပွဲကောင်းတစ်ပွဲပါ။ သိထားရမှာတစ်ခုက လက်စတာက ချဲလ်ဆီးကို ဒီညမှာ အနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံးနေရာနဲ့ပတ်သက်ပြီး ပြောစရာရှိလာလိမ့်မယ်” ဟုပြောကြားခဲ့သည်။

လက်စတာမှာ ယနေ့ညတွင် ချဲလ်ဆီးကို အိမ်ကွင်း၌ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိမည်ဆိုပါက အမှတ်ပေးဇယားဦးဆောင်သူနေရာသို့ ပြန်လည်ရရှိမည်ဖြစ်သည်။

comments

error: Content is protected !!