ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် အာဆင်နယ်-ဘာစီလိုနာ၊ ပီအက်စ်ဂျီ-ချဲလ်ဆီးတို့တွေ့ဆုံနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useweb1
ချန်ပီယံလိဂ်၁၆သင်းမဲခွဲမှုရလဒ်။

ယနေ့တွင်ကျင်းပပြုလုပ်ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲမှုပြီးစီးခဲ့ရာ အာဆင်နယ်အသင်းမှာဘာစီလိုနာနှင့်ထပ်မံတွေ့ဆုံနေပြီး ချဲလ်ဆီးအသင်းမှာ ပီအက်စ်ဂျီနှင့် ထပ်မံတွေ့ဆုံခြင်းကြောင့်၃ ရာသီဆက် တွေ့ဆုံမှုအဖြစ် ရင်ဆိုင်ရမည်ဖြစ်သည်။

အုပ်စုပွဲစဉ်အတွင်း အုပ်စုပထမနေရာဖြင့် ယခုအဆင့်သို့တက်ရောက်လာသော ပရီးမီးယားလိဂ်ကလပ်မန်စီးတီးမှာ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရိုးမားမှာ လာလီဂါထိပ်သီး ရီးရဲလ်နှင့်တွေ့ဆုံခဲ့သောကြောင့် ရုန်းကန်ရမည့်အနေအထားဖြစ်နေသည်။

ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သော ဂျူဗင်တပ်နှင့် ဘိုင်ယန်မြူးနစ်တို့မှာ
ယခုနှစ် ၁၆ သင်းအဆင့်ပြိုင်ဘက်များအဖြစ် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်ပြီး ဂျန့်-၀ုဖ်ဘတ်၊ ပီအက်စ်ဗီ-အက်သလက်တီကို၊ဘင်ဖီကာ-ဇင်းနစ်တို့ အသီးသီးယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဘာစီလိုနာနှင့်ရင်ဆိုင်ရမည့် အာဆင်နယ်မှာချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် နောက်ဆုံး ၅ နှစ်ရလဒ်တွင်အောင်မြင်မှုပျောက်ဆုံးထားသည့်အသင်းဖြစ်သည်။
useapp

comments

error: Content is protected !!