ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိမိအတွက် အရေးအကြီးဆုံးဖြစ်ကြောင်း ပယ်လီဂရီနီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီယားလိဂ်ကို ပိုမိုအလေးထားသည်ဟု ဆိုလိုက်သော ပယ်လီဂရီနီ

ချန်ပီယံလိဂ်ဆုဖလားသိမ်းပိုက်နိုင်ခြင်းသည် အခမ်းနားဆုံးအောင်မြင်မှုဖြစ်သည်ဟု မန်စီးတီးအသင်းပိုင်ရှင်ရှိတ်မန်ဆော်အပါအ၀င် နည်းပြများနှင့် ကစားသမားများမှထင်မှတ်ထားသော်လည်း မန်စီးတီးနည်းပြပယ်လီဂရီနီက ၎င်းအတွက် အရေးအကြီးဆုံးမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားသိမ်းပိုက်နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နည်းပြပယ်လီဂရီနီက ”ကျွန်တော့်အတွက်ကတော့ ပရီးမီးယားလိဂ်က အရေးအကြီးဆုံးပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့ပွဲတစ်ပွဲနဲ့ကြုံလိုက်ရင် ပြိုင်ပွဲကနေထွက်သွားရနိုင်ပါတယ်။ အဲဒါဆိုရင် ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာ ဘယ်သူမှ မှတ်ထားမှာမဟုတ်ဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ တစ်နှစ်ပတ်လုံးကြိုးပမ်းနေရတာပါ။ ချန်ပီယံလိဂ်တစ်ခုတည်း အောင်မြင်ဖို့ အာရုံစိုက်ထားလို့မရပါဘူး။ ချန်ပီယံလိဂ်ဖလားတော့ရပြီး ပရီးမီးယားလိဂ်မှာကျရှုံးနေလို့မဖြစ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါနည်းပြက လာမည့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ဂလာဘတ်ကိုအိမ်ကွင်း၌ ၄-၂ ဂိုးဖြင့်အနိုင်ရခဲ့သည့် ခြေစွမ်းမျိုးထိန်းသိမ်းထားနိုင်မည်ဆိုပါက မည်သည့်အသင်းကိုမှ ကြောက်ရွံ့စရာမရှိကြောင်း ပြောကြားခဲ့သည်။

comments

error: Content is protected !!