ဂလာဘတ်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲမှာ မိမိအတွက် နောက်ဆုံးပွဲဖြစ်နိုင်ဟု ကစ်လင်းပြောကြား
|
လေဗာကူဆင်တိုက်စစ်မှူးကစ်လင်းက ပြီးခဲ့သည့်ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၆ အဖြစ် ဂလာဘတ်နှင့်ကစားခဲ့သောပွဲမှာ အသင်းအတွက် ကစားပေးသည့် နောက်ဆုံးပွဲဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။
ထို့ကြောင့် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် လီဗာပူးသို့ လေဗာကူဆင်တိုက်စစ်မှူး ကစ်လင်းရောက်ရှိနိုင်သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။
လေဗာကူဆင်တိုက်စစ်မှူးကီစလင်းက ”၁၀ နှစ်နီးပါးကစားခဲ့တဲ့ ဒီအသင်းကို ကျွန်တော်မြတ်နိုးသလို ဒီမှာနေရတာပျော်တာကို လူတိုင်းသိပါတယ်။ ကျွန်တော်နဲ့ ပရိသတ်တွေကြားမှာ ခင်တွယ်စရာကောင်းတဲ့ ဆက်ဆံရေးရှိသလို အသင်းနဲ့လည်း ဒီအတိုင်းပါပဲ။ ဒီမှာကစားရတာကို ကျွန်တော်ကြိုက်တယ်။ အခုလိုပြောရတာ ကျွန်တော့်အတွက် အရမ်းအရမ်းကို ခက်ခဲတဲ့အခြေအနေဆိုတာ လူတိုင်းသိပါတယ်။ ၁၀ နှစ်နီးပါးကစားလာပြီး အမြဲတမ်းပွဲထွက်ခဲ့ရတဲ့သူအတွက် အရန်ခုံမှာထိုင်နေရတာ စိတ်ပူပန်စရာတွေ ဖြစ်လာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
အသက် ၃၁ နှစ်ရှိကစ်လင်းသည် ၂၀၀၆ ခုနှစ်တွင် နုရင်ဘတ်အသင်းမှ လေဗာကူဆင်သို့ပြောင်းရွှေ့ခဲ့ပြီးနောက် အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်သည်။
Next : ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် အာဆင်နယ်-ဘာစီလိုနာ၊ ပီအက်စ်ဂျီ-ချဲလ်ဆီးတို့တွေ့ဆုံနေ