ပေါ်လင်ဟိုရဲ့ နောက်ကျသွင်းဂိုးကြောင့် ကွမ်ကျိုးအီဗာဂရန်ဒီအသင်း ၂၀၁၅ကမ္ဘာ့ကလပ်ဖလားကွာတားဖိုင်နယ်တက်ရောက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useweb
ပွဲအပြီးတွင်အောင်ပွဲခံနေသည့် ကွမ်ကျိုးအသင်းကစားသမားများ။

တရုတ်စူပါလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးချန်ပီယံကွမ်ကျိုးအီဗာဂရန်ဒီအသင်းဟာ ၂၀၁၅ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ကလပ်အမေရိကအသင်းကို ၂-၁နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီး စပိန်ကလပ်ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

ယခင်ဘရာဇီးနည်းပြစကိုလာရီကိုင်တွယ်နေတဲ့ ကွမ်ကျိုးအသင်းဟာအခုပွဲစဉ်မှာ ကမ္ဘာကျော်ကစားသမားရော်ဘင်ဟို၊ပေါ်လင်ဟိုနဲ့ 2015 အာရှအကောင်းဆုံးကစားသမားဆုဒုတိယဇန်ဇီတို့ဦးဆောင်ပါဝင်ခဲ့ပြီး ကလပ်အမေရိကအသင်းကလည်းမက္ကဆီကိုလက်ရွေးစင်အတွေ့ကြုံရင့်ကစားသမားအဂူလာ၊ပါရဲလာ၊ အာဂျင်တီးနားကစားသမားဆမ်ဘွီဇာတို့နဲ့ ပြန်လည်ရင်ဆိုင်ခဲ့တယ်။
image22

ကလပ်အမေရိကအသင်းအနေနဲ့ ပွဲချိန်အစောပိုင်းမှာ ဂိုးရလုနီးပါးအခွင့်အရေးတွေအများအပြားရရှိခဲ့ပြီးကွမ်ကျိုးအသင်းနောက်တန်းကစားသမားတွေ အသည်းအသန်ဖျက်ထုတ်နေခဲ့ရတဲ့အပြင်အဆုံးသတ်ညံ့ဖျင်းနေခဲ့တဲ့အတွက်ကြောင့် မက္ကဆီကိုကလပ်ဂိုးရဖို့ခက်ခဲနေခဲ့ရပါတယ်။

20151213_cwc_guangzhou_003

အနိုင်ဂိုးသွင်းပေးခဲ့သည့် ပေါ်လင်ဟို။

ဒုတိယပိုင်းမှာတော့ ကွမ်ကျိုးအသင်းဟာ ခြေစွမ်းမပြနိုင်တဲ့ရော်ဘင်ဟိုကိုထုတ်ပြီး တရုတ်လက်ရွေးစင်ဘယ်တောင်ပံကစားသမားလောင်းဇန်ကိုထည့်ခဲ့ပါတယ်။ ဂိုးရဖို့ဖိအားပေးနေတဲ့ ကလပ်အမေရိကအသင်းအဖွင့်ဂိုးရခဲ့ပြီး ပွဲချိန်၅၅ မိနစ်မှာ ပါရဲလ်တာက သွင်းယူခဲ့တာပါ။ဂိုးပေးရပြီးနောက်ပိုင်းမိနစ်၂၀အတွင်း ကွမ်ကျိုးအသင်းချေပဂိုးရလုနီးပါးအခြေအနေတွေကြုံခဲ့ရပေမယ့် ဂိုးကံခေမှုတွေရှိနေခဲ့ပါတယ်။

ပွဲပြီးခါနီး မိနစ်၂၀အလိုမှာ နည်းပြစကိုလာရီဟာ အာရှချန်ပီယံလိဂ်ရစဉ်ကအဓိက ကျခဲ့တဲ့ တိုက်စစ်မှူး ဂေါင်လင်း၊ယူဟန်ချာအိုတို့ကိုထည့်ကာတိုက်စစ်မြင့်ခဲ့ပါတယ်။စကိုလာရီရဲ့ လူစားလဲမှုမှန်ကန်ခဲ့ပြီး ပွဲချိန်၈၀မိနစ်မှာ လောင်းဇန်ကချေပဂိုးနဲ့ ပွဲချိန်၉၀မိမှာ စပါးကစားသမားပေါ်လင်ဟိုက ခေါင်းတိုက်ပြီးသွင်းယူခဲ့တဲ့အတွက်
ကြောင့် အနိုင်ရခဲ့ပါတယ်။

ကွမ်ကျိုးအသင်းအနေနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကိုဒီဇင်ဘာ၁၇မှာ ဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

comments

error: Content is protected !!