ဘိုင်ယန်မြူးနစ်တောင်ပံလူ ရီဘာရီ ဒဏ်ရာထပ်ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာထပ်မံရရှိခဲ့သည့် ရီဘာရီ

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၉ လခန့်အနားယူခဲ့ရသည့် ဘိုင်ယန်မြူးနစ်ကစားသမား ရီဘာရီသည် ဗုဒ္ဓဟူးနေ့ကယှဉ်ပြိုင်ခဲ့သည့် ဒိုင်နမိုဇာဂရက်နှင့်ပွဲစဉ်တွင် ၄၅ မိနစ်ခန့်ကစားပြီးနောက် ကြွက်သားဒဏ်ရာထပ်မံရရှိခဲ့ကြောင်းသိရသည်။

ရီဘာရီသည် ယခင်အပတ်စနေ့နေ့က ယှဉ်ပြိုင်ခဲ့သည့် မိုချန်ဂလာဘတ်နှင့်ပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ယခုဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်အတွက် ဆောင်းရာသီအားလပ်ရက်မရောက်မီ ယှဉ်ပြိုင်ရမည့်ပွဲစဉ် ၃ ပွဲလုံး လွဲချော်မည်ဖြစ်သည်။

ဒိုင်နမိုဇာဂရက်နှင့်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘီနက်တီယာလည်းအလားတူဒဏ်ရာရခဲ့သောကြောင့် ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက”အရေးပါတဲ့ကစားသမား ၂ ယောက်ကို ကျွန်တော်တို့ဆုံးရှုံးရမှာပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!