ဒီပို့တီဗိုနှင့်ပွဲစဉ်တွင်နေမာပါဝင်ရန် မသေချာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေဗာကူဆင်နှင့် ချန်ပီယံလိဂ်ပွဲကို လာရောက်ကြည့်ရှုခဲ့သည့် နေမာ

အင်္ဂါနေ့ဘာစီလိုနာလေ့ကျင့်ရေးအစီအစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သော ဘရာဇီးတိုက်စစ်မှူးနေမာသည် လေဗာကူဆင်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် မပါဝင်နိုင်ခဲ့ဘဲ ဒီပို့တီဗိုနှင့်ယှဉ်ပြိုင်မည့် လာလီဂါအိမ်ကွင်းပွဲစဉ်ကိုပါ လွဲချော်ရန်ရှိနေကြောင်း သိရသည်။

ဘာစီလိုနာ၏သတင်းထုတ်ပြန်ချက်တွင် နေမာပြန်လည်ကစားနိုင်မည့်အချိန်မှာ ဒဏ်ရာအခြေအနေတိုးတက်မှုအပေါ်မူတည်သည်ဟု ဖော်ပြထားသည်။

အသင်း၏အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် မက်ဆီမှာမူ ဒဏ်ရာပြဿနာမရှိကြောင်း နည်းပြအန်းနရစ်က ထုတ်ဖော်ပြောကြားထားသည်။

ဘာစီလိုနာမှာ ယခုတစ်ပတ်လာလီဂါပွဲအပြီးတွင် ဂျပန်တွင်ကျင်းပမည့် ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ပြည်တွင်းပွဲစဉ်များ ကစားမည်မဟုတ်ချေ။

comments

error: Content is protected !!