၂၀၁၅ ခုနှစ် BBC တစ်နှစ်တာအကောင်းဆုံး အာဖရိကဘောလုံးသမားဆုအား ယာယာတိုရေးရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆုလက်ခံရယူပြီးနောက်တွေ့ရသည့် ယာယာတိုရေး

အိုင်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုရေးသည် ၂၀၁၅ ခုနှစ်အတွက် BBC ၏ တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမားဆု ရရှိခဲ့ကြောင်း သိရသည်။

ယာယာတိုရေးသည်ယခုဆုကို ၂၀၁၃ ခုနှစ်က တစ်ကြိမ်ရရှိခဲ့ဖူးပြီး ယခု ၂၀၁၅ ခုနှစ်အတွက် ဘရာဟီမီ၊ အူဘာမီယန်၊ အန်ဒယူးအာရူး၊ မန်နီ တို့ကိုကျော်ဖြတ်ကာ ပရိသတ်မဲအများဆုံးရရှိခဲ့ခြင်း ဖြစ်သည်။

BBC အားကစားသတင်းဌာနနှင့် အင်တာဗျူးတွင်ယာယာတိုရေးက “ဒီဆုအတွက် ကျွန်တော့်ကိုရွေးချယ်ခဲ့ကြတဲ့တာ အရမ်းကိုဂုဏ်ယူမိပါတယ်။ တခြားဆုရရှိခဲ့တဲ့ ကစားမားတွေကိုလည်း ဂုဏ်ပြုကြောင်းပြောလိုပါတယ်။ ကျွန်တော်တို့အာဖရိကဘောလုံးလောကဟာ တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာပြီး ထူးချွန်တဲ့လူငယ်ကစားသမားတွေလည်း ပိုများလာပါတယ်။ ကျွန်တော့်အနေနဲ့ အာဖရိကညီငယ်တွေရဲ့အနာဂတ်အောင်မြင်မှုအတွက် ဦးစီးဦးဆောင်ပြုသွားလိုပါတယ်။ ငယ်ငယ်တုန်းက ကျွန်တော်ဟာ နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်ဖို့ အမြဲစိတ်ကူးယဉ်ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက်လည်း အများကြီးစွန့်လွှတ်ခဲ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုတစ်ဦးချင်းဆုတွေ ရရှိအောင် အကောင်းဆုံးကြိုးစားသွားပါမယ်”ဟုပြောခဲ့သည်။

comments

error: Content is protected !!