နည်းပြဟောင်းကလော့ပ်နှင့်ရင်ဆိုင်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု ဒေါ့မွန်နည်းပြပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တူချယ်၏ပွဲချိန်အတွင်း လှုပ်ရှားညွှန်ကြားဟန်

ဒေါ့မွန်နည်းပြတူချယ်က လာမည့်ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်တွင် နည်းပြဟောင်းကလော့ပ်၏ လီဗာပူးအသင်းနှင့်တွေ့ဆုံခဲ့မည်ဆိုပါက ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ထိပ်တိုက်မတွေ့ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးမှာ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဆီယွန်ကို ဂိုးမရှိသရေရလဒ်သာကစားနိုင်ခဲ့သော်လည်း ရမှတ် ၁၀ မှတ်ဖြင့် ရှုံးပွဲမရှိကစားကာ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး ဒေါ့မွန်မှာ ဂရိကလပ် PAOK ကိုအရေးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာဖြင့် ၃၂ သင်းအဆင့်သို့ ရောက်ရှိခဲ့သည်။

ထို့ကြောင့် လာမည့်တစ်ပတ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သော ရှုံးထွက်အဆင့်မဲခွဲမှု၌ လီဗာပူးနှင့် ဒေါ့မွန်တွေ့ဆုံနိုင်ခြေရှိသောကြောင့် ဒေါ့မွန်နည်းပြတူချယ်က နည်းပြဟောင်းကလော့ပ်နှင့်ပြန်လည်ရင်ဆိုင်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!