မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ ၃ ပွဲပယ်ခံရ
|
မန်ယူကွင်းလယ်လူရှဝိန်းစတိုင်ဂါမှာ ၀က်စ်ဟမ်းနှင့်ပွဲကအဖြစ်အပျက်အတွက် အက်ဖ်အေ၏ ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့်စနေနေ့က ၀က်စ်ဟမ်းနှင့် အိမ်ကွင်းအိုးထရက်ဖို့ဒ်၌ ၀-၀ သရေကျခဲ့သော ပွဲစဉ်တွင် ရှဝိန်းစတိုင်ဂါသည် မန်ယူအသင်းရရှိသော ပြစ်ဒဏ်ဘောမကန်မီ ပြင်ဆင်ချိန်၌ ဝက်စ်ဟမ်းနောက်ခံလူဝင်စတန်ရိဒ်အား လက်ဖြင့်ဆောင့်တွန်းခဲ့ခြင်းဖြစ်သည်။
ဤအဖြစ်အပျက်အား ဒိုင်လူကြီး မက်ခ်ကလက်တန်ဘက်က မြင်တွေ့ခဲ့ခြင်းမရှိ၍ ပွဲပြီးအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိသော်လည်း ဒိုင်လူကြီးဟောင်း ၃ ဦးပါဝင်သည့်အဖွဲ့က ရုပ်သံမှတ်တမ်းပြန်လည်ကြည့်ရှုကာ ရှဝိန်းစတိုင်ဂါကို ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယခုပွဲပယ်ပြစ်ဒဏ်ကြောင့် ရှဝိန်းစတိုင်ဂါသည် ဘုန်းမောက်၊ နောဝစ်ခ်ျ၊ စတုတ်စတီးတို့နှင့်ယှဉ်ပြိုင်မည့်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ပြီး ချဲလ်ဆီးနှင့်ပွဲမှသာ ပြန်လည်ပါဝင်လာမည်ဖြစ်သည်။
Next : ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုကို အားကစားဆိုင်ရာဖျန်ဖြေရေးတရားရုံးသို့ ရီးရဲလ်အယူခံဝင်