ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုကို အားကစားဆိုင်ရာဖျန်ဖြေရေးတရားရုံးသို့ ရီးရဲလ်အယူခံဝင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲပယ်ခံထားရသော်လည်း ၀င်ရောက်ကစားခဲ့သည့် ရှရီရှက်ဗ် (ကျောနံပါတ်-၂၁)

ဘုရင့်ဖလားပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ ရီးရဲလ်အသင်းက အားကစားဆိုင်ရာဖျန်ဖြေရေးတရားရုံးသို့ အယူခံဝင်ထားကြောင်း သိရသည်။

ရီးရဲလ်သည် ဘုရင့်ဖလားပြိုင်ပွဲ၏ ၃၂ သင်းအဆင့်၊ ပထမအကျော့၌ ကာဒစ်ဇ်ကိုယှဉ်ပြိုင်ခဲ့ရာတွင် ဗီလာရီးရဲလ်သို့အငှားချထားစဉ် ပွဲပယ်ခံထားရသည့် ရုရှားကွင်းလယ်လူရှရီရှက်ဗ်ကို ထည့်သွင်းအသုံးပြုခဲ့သဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါတောင်ပံကစားသမား ပွဲပယ်ခံထားရမှုကို အသင်းနှင့် ကစားသမားအား အသိပေးထားခြင်းမရှိကြောင်း ရီးရဲလ်မှထုတ်ပြန်၍ အယူခံဝင်ခဲ့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်ရာသီ ဘုရင့်ဖလားပြိုင်ပွဲတွင် အလားတူအဖြစ်ကြုံခဲ့သော အိုဆာဆူနာကို ထုတ်ပယ်ခဲ့သည့်အတိုင်း ရီးရဲလ်၏အယူခံကိုပယ်ချကာ ပြိုင်ပွဲမှ ထုတ်ပယ်ခံခြင်းဖြစ်သည်။

ရီးရဲလ်ဘက်က စပိန်ဘောလုံးအဖွဲ့ချုပ်၏ဆုံးဖြတ်ချက်ကို လက်မခံနိုင်ခြင်းကြောင့် အားကစားဆိုင်ရာဖျန်ဖြေရေးတရားရုံးသို့ အယူခံဝင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးထွက်ပေါ်လာမည့်ဆုံးဖြတ်ချက်မှာ အသင်းအတွက် ကျေနပ်စရာဖြစ်လိမ့်မည်ဟု ထုတ်ပြန်ခဲ့သည်။

ရီးရဲလ်မှာ ကာဒစ်ဇ်နှင့် ဒုတိယအကျော့ပွဲစဉ်အတွက် လက်မှတ်ရောင်းချရန် ကြော်ငြာနေဆဲဖြစ်ကြောင်းလည်း သိရသည်။

comments

error: Content is protected !!