ရတနာပုံကစားသမားဟောင်း ဒွေးကိုကိုချစ်အပါအဝင် ကစားသမား ၃ ဦးကို ရခိုင်ယူနိုက်တက် စာချုပ်ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရခိုင်ယူနိုက်တက်သို့ပြောင်းရွှေ့လာသည့် ဒွေးကိုကိုချစ်

အောင်သော်ဖြိုး။
ဒီဇင်ဘာ ၁ဝ။

၂ဝ၁၆ နေရှင်နယ်လိဂ် ဘောလုံးရာသီ ပြင်ဆင်မှုအဖြစ် ရခိုင်ယူနိုက်တက်အသင်းသည် ရတနာပုံ ကစားသမားဟောင်း ဒွေးကိုကိုချစ်အပါအဝင် MNL အတွေ့အကြုံရှိ ကစားသမား ၃ ဦးကို စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရခိုင်ယူနိုက်တက် မီဒီယာတာဝန်ခံ ဦးသက်ထူးနိုင်ဦးက ဆိုသည်။

ရခိုင်ယူနိုက်တက်သည် ကစားသမားခေါ်ယူမှုအဖြစ် ရတနာပုံကစားသမားဟောင်း ဒွေးကိုကိုချစ်၊ ဧရာဝတီကစားသမားဟောင်း ညီညီမင်း၊ GFA နောက်ခံလူဟောင်း ဒွန်ဂိုတို့ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီယူနိုက်တက်ဂိုးသမား ချမ်းငြိမ်းကျော်ကိုလည်း သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။

GFA အသင်းတွင် ၃ ရာသီကစားခဲ့သည့် ကင်မရွန်းကစားသမား ဒွန်ဂိုကို ၁ ရာသီစာချုပ်၊ ရတနာပုံကစားသမားဟောင်း ဒွေးကိုကိုချစ်ကို ၁ နှစ်ခွဲစာချုပ်နှင့် ဧရာဝတီကစားသမား ညီညီမင်းကို ၁ ရာသီစာချုပ်တို့ဖြင့် ရခိုင်ယူနိုက်တက်က ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ရခိုင်ယူနိုက်တက်တွင် ပြည်ပကစားသမားများ လာရောက်ပူးပေါင်းခြေစမ်းနေပြီး သြစတြေးလျကစားသမား ၂ ဦး နှင့် အိုင်ဗရီကို့စ်ကစားသမား ၁ ဦးတို့ရောက်ရှိနေကာ သြစတြေးလျကစားသမား ၁ ဦး နှင့် ကင်မရွန်းကစားသမား ၁ ဦးတို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း ရခိုင်ယူနိုက်တက်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

comments

error: Content is protected !!