ဂုဏ်သိက္ခာအတွက် ၁၆ သင်းအဆင့်သို့ရောက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု မော်ရင်ညို ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပေါ်တိုနှင့်ပွဲတွင် မော်ရင်ညိုညွှန်ကြားနေသောဟန်ပန်တစ်ခု

ချဲလ်ဆီးနည်းပြမော်ရင်ညိုက ပေါ်တိုနှင့်ယှဉ်ပြိုင်ခဲ့သည့်ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင် အသင်းကစားသမားများမှာ ဂုဏ်သိက္ခာအတွက် ရှုံးထွက်အဆင့်တက်ရောက်နိုင်ရန်ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ချဲလ်ဆီးမှာ ပေါ်တိုကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ၂-၀ ဂိုးရလဒ်ဖြင့်အနိုင်ယူခဲ့သောကြောင့် အုပ်စု(ဆ)၏ ဦးဆောင်သူအဖြစ် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အသင်းကစားသမားများ၏ ကြိုးပမ်းမှုနှင့်ပတ်သက်၍ နည်းပြမော်ရင်ညိုက ”အခုပွဲအနိုင်ရဖို့ သူတို့ တကယ့်ကိုကြိုးပမ်းခဲ့ကြတာပါ။ သူတို့ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ထိုက်တန်မှုပါပဲ။ သူတို့အားလုံး ယူရိုပါလိဂ်ကိုမသွားချင်သလို အထူးသဖြင့် နောက်ဆုံးအိမ်ကွင်းရှုံးပွဲကြုံခဲ့တာကြောင့် ထပ်မရှုံးချင်ကြတာက သူတို့အတွက် တွန်းအားတစ်ခုပါ။ ဒုတိယတစ်ကြိမ် အိမ်ကွင်းမှာထပ်ရှုံးမယ်ဆိုရင် သူတို့ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားနိုင်လို့ အနိုင်ရအောင်ကစားခဲ့ကြတာပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် နည်းပြမော်ရင်ညိုက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်၌ ဒုတိယနေရာမှ တက်ရောက်လာသည့်အသင်းများမှာ ဘာစီလိုနာ၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုတို့နှင့်တွေ့ဆုံလိုခြင်းမရှိဘဲ အားနည်းသည်ဟု ထင်နေကြသော မိမိတို့အသင်း ချဲလ်ဆီး၊ ဇင်းနစ်တို့နှင့်သာ တွေ့ဆုံလိုနေကြသည်ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!