ရုန်းကန်နေရသည့် တိုက်စစ်မှူးမိုရာတာနှင့် ဇာဇာတို့ကို ဂျူဗင်တပ် ရောင်းချဖွယ်ရှိနေ
|
ဂျူဗင်တပ်တိုက်စစ်မှူးများဖြစ်သော မိုရာတာနှင့် ဇာဇာတို့မှာ ယခုဘောလုံးရာသီ၌ ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသဖြင့် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ရောင်းချဖွယ်ရှိကြောင်းသိရသည်။
အဆိုပါစပိန်တိုက်စစ်မှူးသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ရီးရဲလ်မှ ယူရို သန်း ၂၀ ဖြင့် ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသဖြင့် နည်းပြအယ်လီဂရီအတွက် စိတ်ပျက်စရာတိုးပွားလာခဲ့သည်။
ဂျူဗင်တပ်သည် ယခုနှစ်ဘောလုံးရာသီအစတွင် စီးရီးအေ၌ ရလဒ်ဆိုးများဖြင့် ရုန်းကန်ခဲ့ရပြီး ယခုနောက်ပိုင်းပွဲစဉ်များတွင် တိုက်စစ်မှူးမန်ဇူကစ်နှင့် ဒိုင်ဘာလာတို့ ခြေစွမ်းပြနိုင်ခဲ့သဖြင့် စီးရီးအေနောက်ဆုံး ၅ ပွဲဆက်နိုင်ပွဲရယူကာ အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ တက်ရောက်နိုင်ခဲ့သည်။
ဆက်စပ်သတင်းများအရ တိုက်စစ်မှူးဇာဇာမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသောကြောင့် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့၌ ဂျူဗင်တပ်မှ ထွက်ခွာရန် သေချာလုနီးပါးရှိကြောင်း သိရသည်။
Next : ရန်ကုန်ယူနိုက်တက်ယှဉ်ပြိုင်ရမည့် အာရှချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ ပြီးစီး