ဒဏ်ရာပြဿနာများကြောင့် မန်ယူနည်းပြဗန်ဟားလ် ပိုမိုအခက်တွေ့ နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝုဖ်ဘတ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် စမောလင်း

မန်ယူ၏ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့်ဝုဖ်ဘတ်နှင့်ပွဲစဉ်တွင် စမောလင်းနှင့် ဒါမီယန်တို့  ဒဏ်ရာရရှိခဲ့ရာ နည်းပြဗန်ဟားလ်အနေဖြင့်  လာမည့်စနေနေ့ ည ဘုန်းမောက်နှင့်ပွဲစဉ်ကို အဓိကနောက်ခံလူ ၆ ယောက်မပါဝင်ဘဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်။

လုခ်ရှောနှင့်ဗလင်စီယာတို့ ဒဏ်ရာပြဿနာဖြင့်ကာလရှည်အနားယူနေရပြီး၊ ဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာရရှိခဲ့သည့် ဖီးလ်ဂျုံးစ်အပြင် ပခုံးအဆစ်လွဲဒဏ်ရာ ခွဲစိတ်ထားရသည့် ရိုဟိုသည်လည်း ယခုနှစ်ကုန်အထိပြန်ကစားနိုင်ဖွယ်မရှိပေ။

လာမည့်ပရီးမီးယားလိဂ် ဘုန်းမောက်နှင့်ပွဲစဉ်တွင် ဗန်ဟားလ်အနေဖြင့် မက်ကနဲရား၊ ဗာရယ်လာနှင့် ဘော့ဝစ်ခ်ဂျက်ဆန်စသည့် လူငယ်ကစားသမား ၃ ယောက်ကို ဒါလေဘလိုင်းဖြင့်တွဲဖက်ကာ နောက်တန်း ၄ ယောက်နေရာတွင် မဖြစ်မနေအသုံးပြုရဖွယ်ရှိသည်။

မန်ယူတွင် ရွန်နီ၊ ရှနိုက်ဒါလင်နှင့် ဟာရဲရား တို့ ဒဏ်ရာပြဿနာကြောင့် ဝုဖ်ဘတ်နှင့်ပွဲစဉ်တွင်ပါဝင်နိုင်ခြင်းမရှိခဲ့သလို အဓိကကွင်းလယ်လူ ရှဝိန်းစတိုင်ဂါသည်လည်း အက်ဖ်အေ၏ ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမည့် အနေအထားရှိသည်။

comments

error: Content is protected !!