ဂျပန်အသင်းကို ဂိုးမရှိသရေကစားနိုင်ခဲ့ရာမှာ အံအားသင့်ဖွယ်လက်စွမ်းပြခဲ့တဲ့ စင်ကာပူလက်ရွေးစင်ဂိုးသမားအစ်ဇ်ဝမ်မက်ဘက်နဲ့ တွေ့ဆုံခြင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebsing
စင်ကာပူလက်ရွေးစင်ဂိုးသမား အစ်ဇ်ဝမ်မက်ဘက်

တွေ့ဆုံမေးမြန်းသူ – ဆီဆာပိုလန်ဂီ
Football Channel Myanmarမှ ဆီလျော်အောင်ပြန်ဆိုဖော်ပြလိုက်သည်။

၂၀၁၅ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ဆိုင်တာမာဘောလုံးကွင်းမှာ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ကစားခဲ့တဲ့ ဂျပန်နဲ့ စင်ကာပူတို့ပွဲစဉ်ဟာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့လို့ ၂ ဖက်ပရိသတ်တွေနဲ့ စောင့်ကြည့်သူတွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

သွင်းဂိုးပေးဂိုးမရှိတဲ့ အဲဒီပွဲမှာ အဓိကအကျိုးအမြတ်ရခဲ့တာကတော့ စင်ကာပူဂိုးသမားအစ်ဇ်ဝမ်မက်ဘက်ဖြစ်ပြီး ဆာမူရိုင်းအပြာရောင်တွေရဲ့တိုက်စစ်တွေကို တားဆီးပိတ်ပင်နိုင်ခဲ့တဲ့သူ့ကို ဂျေလိဂ်ကလပ် မက်ဆူမိုတိုယာမာဂါက လက်စွမ်းလာရောက်စမ်းသပ်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီကလပ်ဟာ ပေးထားတဲ့ကတိအတိုင်း ဒီဇင်ဘာလမှာ အကောင်အထည်ဖော်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဂိုးသမားကို ပရိသတ်တွေနဲ့ ဒေသတွင်းမီဒီယာတွေ သဘောကျ သူတို့လေ့ကျင့်ရေးကွင်းကို ခေါ်ဆောင်ခဲ့ပါတယ်။

Football Channel ရဲ့သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာတော့ အစ်ဇ်ဝမ်က ဆီဆာပိုလန်ဂီကို သူ့ရဲ့အလှည့်အပြောင်း၊ ယာမာဂါနဲ့ လေ့ကျင့်ခန်းဆင်းခဲ့တာတွေနဲ့ ဂျေလိဂ်မှာ စင်ကာပူကစားသမားတွေ ရောက်ရှိလာဖို့ မျှော်လင့်ချက်တွေအကြောင်း ပြောပြခဲ့ပါတယ်။

– ဂျပန်နဲ့ ၀-၀ သရေကျခဲ့တဲ့ပွဲမှာ ဘာကိုအမှတ်တရဖြစ်မိလဲ။
– ဂျပန်အသင်းက မိနစ် ၉၀ ပြည့်တိုက်စစ်ဆင်တာ မှတ်မိတယ် (ရယ်လျက်)။ ကျွန်တော်တို့အသင်းက ဖိအားအောက်ရောက်နေခဲ့တာ။ တောင်ပံတွေကနေ သူတို့က တောက်လျှောက်တိုက်စစ်ဆင်နေခဲ့တယ်။ အခွင့်အရေးရတာနဲ့ သူတို့က ကန်သွင်းတယ်၊ ဖြတ်တင်တယ်။ နောက်ဆုံးတော့ ကျွန်တော့်အတွက် ကံကောင်းတဲ့နေ့ဖြစ်သွားတယ်။ ကျွန်တော်တို့က အသင်းလိုက်စုစည်းမှုနဲ့ကစားခဲ့တယ်။ ခံစစ်ကလည်း ကျွန်တော့်ကို အရမ်းအကူအညီပေးခဲ့တယ်။ ပွဲပြီးတော့ သူတို့လည်း ပင်ပန်းသွားကြတယ်။ ဂျပန်ကို သရေကစားပြီး ခြေစစ်ပွဲအစရလဒ် ကောင်းခဲ့တယ်။ ကျွန်တော်တကယ်တန်ဖိုးထားရတဲ့ ပွဲပါပဲ။

ဂျပန်အသင်း၏ဂိုးရလုနိုင်သည့်အခြေအနေအား အစ်ဇ်ဝမ်မက်ဘက်က လက်စွမ်းပြကာကွယ်နေစဉ်။

– အဲဒီပွဲကို ဗီဒီယိုမှတ်တမ်း ပြန်ကြည့်ဖြစ်လား။
– ထပ်ကြည့်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အမှားကို ပြန်ကြည့်မှပဲ တိုးတက်မယ်၊ ပိုကောင်းမယ်လေ။ ကစားသမားတစ်ယောက်အနေနဲ့ ကျေနပ်ပြီဆိုတာအဆင့်မျိုး မဖြစ်သင့်ဘူး။ ကိုယ့်နေရာယူမယ့်သူက အမြဲတမ်းရှိနေတတ်တယ်လေ။ အဲဒါကြောင့် ကျွန်တော်ကြိုးစားတယ်။ အဆင့်ပိုတက်အောင် လုပ်ရမယ်။

– အဲဒီပွဲရလဒ်ကြောင့် ခင်ဗျားရဲ့ကစားသမားဘ၀ ပြောင်းလဲသွားတယ်ထင်လား။
– အဲဒီပွဲပြီးတော့ အနာဂတ်အကြောင်း လုံးဝမတွေးခဲ့မိဘူး။ ဂျပန်ကို သရေကစားနိုင်ခဲ့လို့ ပျော်ခဲ့ကြတာ။ ဘာလို့လဲဆိုတော့ စင်ကာပူဘောလုံးလောကအတွက် အဲဒါက ကြီးကျယ်တဲ့အောင်မြင်မှုလေ။ ပွဲပြီးတော့ ကျွန်တော့်အတွက်အချိန်ကိုစောင့်လို့ သူများတွေက ပြောကြတယ်။ အခုအထိ ကျွန်တော်စောင့်နေခဲ့တယ်လေ။

– ဂျပန်နိုင်ငံနဲ့ ဂျပန်နိုင်ငံသားတွေအပေါ် ဘယ်လိုသဘောရလဲ။
– သူတို့က အရမ်းဖော်ရွေတယ်၊ ယဉ်ကျေးတယ်၊ အမြဲပြုံးနေတယ်၊ အရမ်းလည်း လှိုက်လှဲတယ်။ ကစားသမားတွေကလည်း သူတို့အစွမ်းရှိသရွေ့ ကစားကြတယ်။ ဂျေလိဂ်မှာက ပြည့်စုံတဲ့ထောက်ပံ့မှုတွေရှိတယ်၊ အရမ်းကောင်းတဲ့ကွင်းတွေ ရှိတယ်။ အသေးအဖွဲလေးတွေကစပြီး အရမ်းကွာခြားတယ်။ ကစားသမားတွေနဲ့ ဆက်ဆံရေးအဆငပြေရင် သူတို့က ရာနှုန်းပြည့်စွမ်းဆောင်ပေးလိမ့်မယ်။ ဂျပန်ဘောလုံးလောကက အာရှတိုက်မှာ အကောင်းဆုံးရပ်ဝန်းထဲက တစ်ခုပဲ။ စင်ကာပူအတွက် ကောင်းမွန်တဲ့နမူနာဘောလုံးလောကပါ။

– ခင်ဗျားသဘောကျတဲ့ ဂျပန်ကစားသမားတွေ ကလပ်တွေ ရှိလား
– နာကာမူရာကို ကျွန်တော်ကြိုက်တယ်။ သူ့အလွတ်တည်ကန်ဘောတွေကြောင့်လေ။ Winning Eleven ကစားပြီး သူ့ကို ကျွန်တော့်ကလပ်အတွက် ၀ယ်မယ်။ ဟွန်ဒါနဲ့ ကာဂါဝါကိုလည်း ကြိုက်တယ်။ သူတို့က အာရှသားတွေ ဥရောပမှာ ၀င်ဆံ့တယ်ဆိုတာကို သက်သေပြခဲ့ကြတာလေ။ အဲဒါက ကျွန်တော်တို့တွေ အာရှအတွက်အားစိုက်ကစားဖို့ အကောင်းဆုံးစိတ်ခွန်အားပဲ။ သူတို့ဆီက ပညာတွေအများကြီး ရပါတယ်။

ဂျပန်နာမည်ကျော်ကစားသမားဟွန်ဒါနှင့် အပြိုင် အစ်ဇ်ဝမ်မက်ဘက်ကာကွယ်ဟန့်တားနေစဉ်။

– ဘာသာစကားအခြေအနေကကော။
– လောလောဆယ် အဆင်ပြေပေမယ့် ကစားသမားနံပါတ်တွေ သိအောင် လေ့လာနေတယ်။ ဂိုးသမား ၂ ယောက်နဲ့ နည်းပြတွေက အင်္ဂလိပ်လို နည်းနည်းပြောတတ်တယ်။ ကျန်တဲ့ဂိုးသမားတွေကတော့ ကျွန်တော်တို့ဘာဆက်လုပ်မယ်ဆိုတာ အမြဲလိုလိုရှင်းပြပါတယ်။

– ဂျပန်မှာလာကစားရမယ်ဆိုရင် သူတို့ဘာသာစကားကို သင်မှာလား။
– ဒီကစားရသည်ဖြစ်စေ မကစားရသည်ဖြစ်စေ သင်ရမယ်ထင်တယ်။ အဲဒါက အကောင်းဆုံး လှေခါးထစ်ဖြစ်နေလို့လေ။ ဘောလုံးသမားတစ်ယောက်က ဘာသာစကားတိုင်းကို သင်ထားရမယ်။ ဘာလို့လဲဆိုတော့ ဘယ်နိုင်ငံကလပ်က ကိုယ့်ကိုကမ်းလှမ်းလာမလဲဆိုတာ အတိအကျမပြောနိုင်ဘူးလေ။

S__2572293

မက်ဆူမိုတိုယာမာဂါကလပ်တွင် လေ့ကျင့်မှုပြုလုပ်နေစဉ်။

– တခြားစင်ကာပူကစားသမားတွေရော ဂျပန်ကို ရောက်လာနိုင်လား။
– ဆာဖူဝမ်လို ကစားသမားကောင်းတွေ ဂျေလိဂ်နဲ့ တခြားအာရှလိဂ်တွေအတွက် သင့်တော်တဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ ပြည်ပထွက်ကစားမယ်ဆိုရင် ပိုကောင်းတဲ့အမှတ်ပေးပြိုင်ပွဲတစ်ခုက ခြေစွမ်းပိုထက်လာအောင် သင်ကြားပေးလိမ့်မယ်။ ကိုယ့်ဘက်ကတော့ ရာနှုန်းပြည့်ကြိုးစားရမယ်။ ပွဲတိုင်းမှာ ဒေသခံကစားသမားတွေထက် ပိုကောင်းဖို့အတွက် အဲဒါက အကောင်းဆုံးတွန်းအားပဲ။

comments

error: Content is protected !!