နာပိုလီ၏ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဟီဂူအင်ကိုအနားပေးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယူရိုပါလိဂ်ပွဲစဉ်တွင်မပါဝင်ဘဲ အနားယူရမည့် ဟီဂူအင်

နာပိုလီသည် လီဂီယာဝါဆောနှင့်ယှဉ်ပြိုင်မည့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် တိုက်စစ်မှူးဟီဂူအင်အား အနားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နာပိုလီမှာ ယူရိုပါလိဂ်အုပ်စု(ဃ)၏ အဆင့် ၁ နေရာတွင်ရပ်တည်ရန်သေချာနေသည့်အတွက် လီဂီယာဝါဆောနှင့် ယှဉ်ပြိုင်မည့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကစားသမားအပြောင်းအလဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် အသင်း၏ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သည့် ဟီဂူအင်ကို တနင်္ဂနွေနေ့တွင် ရိုးမားအသင်းနှင့်ယှဉ်ပြိုင်မည့်စီးရီးအေပွဲစဉ်အတွက် အနားပေးခဲ့ခြင်းဖြစ်သည်။

နာပိုလီသည် ဂိုးသမား ရေနာနှင့် အသင်းခေါင်းဆောင် ဟမ်ဆစ်ခ်တို့ကိုလည်း အနားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

comments

error: Content is protected !!