ဆွမ်ဆီးနည်းပြရာထူးမှ ဂယ်ရီမန့်ခ် ထုတ်ပယ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရာထူးမှထုတ်ပယ်ခံလိုက်ရသော ဂယ်ရီမန့်ခ်

ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲတွင် ၁ ပွဲသာအနိုင်ရခဲ့ပြီးနောက် ဂယ်ရီမန့်ခ်ကို နည်းပြရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ဆွမ်ဆီးအသင်းမှ တရားဝင်ထုတ်ပြန်ခဲ့သည်။

အသက် ၃၆ နှစ်ရှိအဆိုပါနည်းပြသည် ဆွမ်ဆီးအသင်း၌ ဗဟိုခံစစ်မှူးအဖြစ် ၁၁ နှစ်ကျော်ပါဝင်ကစားပြီးနောက် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။

ဆွမ်ဆီးသည် ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ တွင် အိမ်ကွင်း၌ လက်ရှိအမှတ်ပေးဇယားကိုဦးဆောင်နေသည့် လက်စတာကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်အဆင့် ၁၉ နေရာတွင်ရပ်တည်နေသော ဆန်းဒါးလန်းနှင့် ၂ မှတ်အကွာ အဆင့် ၁၅ သို့ရောက်ရှိခဲ့သဖြင့် ဂယ်ရီမန့်ခ်ကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပယ်ခံရသည့် နည်းပြဂယ်ရီမန့်ခ်၏နေရာတွင် ဆွမ်ဆီးအသင်းကို ၂၀၁၂ မှ ၂၀၁၄ အထိတာဝန်ယူခဲ့သည့် နည်းပြဟောင်းမိုက်ကယ်လောက်ဒရပ်အား အစားထိုးခန့်အပ်မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

comments

error: Content is protected !!