မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ယှဉ်ပြိုင်မည့် CFA Fustal Cup ပွဲစဉ်များ ထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
CFA Fustal International Tournament ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း

အောင်သော်ဖြိုး။
ဒီဇင်ဘာ ၉။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားသည့် တရုတ်ဘောလုံးအဖွဲ့ချုပ်က ကျင်းပသော 2015 CFA Fustal International Tournament ပြိုင်ပွဲ ပွဲစဉ်များ ဒီဇင်ဘာလ ၉ ရက်နေ့က ထွက်ပေါ်ခဲ့ပြီး မြန်မာအသင်းမှာ အဖွင့်ပွဲစဉ်တွင် အီရန်ဖူဆယ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

CFA Fustal ပြိုင်ပွဲကို တရုတ်နိုင်ငံ ချန်ရှုးမြို့တွင် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ အီရန်၊ တရုတ်၊ မက္ကဆီကိုတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပြိုင်ပွဲဝင်နိုင်ငံများအားလုံး ဒီဇင်ဘာ ၁၇ ရက်နေ့အရောက် ချန်ရှုးမြို့သို့ သွားရောက်ရမည်ဖြစ်သည်။

အီရန်လူမျိုးနည်းပြ မစ္စတာဆာအိကိုင်တွယ်သည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ ချန်ရှုးမြို့သို့ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေတွင် လေ့ကျင့်ခန်းစတင်ပြုလုပ်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အီရန်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အိမ်ရှင်တရုတ်၊ ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မက္ကဆီကိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲစဉ်များယှဉ်ပြိုင်ပြီးချိန်တွင် ရမှတ်အများဆုံးရရှိသည့်အသင်းမှာ ချန်ပီယံဆု ဆွတ်ခူးမည်ဖြစ်သည်။

comments

error: Content is protected !!