အာဆင်နယ်၏ ပြီးပြည့်စုံသည့်စွမ်းဆောင်မှုဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ဆို
|
အိုလံပီယာကော့စ်ကိုအနိုင်ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့သည့်ပွဲအပြီးတွင် အာစင်ဝင်းဂါးက အာဆင်နယ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည်ဟု ပြောခဲ့သည်။
အာဆင်နယ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အေသင်တွင်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာဂီရော့ဒ်၏ ဟက်ထရစ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးထွက်အဆင့်ကို ၁၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။
အာဆင်နယ်၏ အကောင်းဆုံးနိုင်ပွဲအဖြစ် မှတ်ယူပါသလားဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကမေးမြန်းခဲ့ရာ အာစင်ဝင်းဂါးက “ဟုတ်ပါတယ်၊ ကျွန်တော်တို့အသင်းက အကောင်းဆုံး ပြန်လည်ရုန်းထနိုင်ဖို့ လိုခဲ့တယ်။ အခုပွဲမှာ ကျွန်တော့်ကစားသမားတွေအတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်” ဟုပြောခဲ့သည်။
အာဆင်နယ်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲတွင် ဒိုင်နမိုဇာဂရက် နှင့် အိုလံပီယာကော့စ်တို့ကို ရှုံးနိမ့်ခဲ့ပြီး၊ နောက်ဆုံးအုပ်စုပွဲစဉ်ဖြစ်သည့် အိုလံပီယာကော့စ်နှင့် အဝေးကွင်းပွဲစဉ်တွင် ၂ ဂိုးပြတ် အနိုင်ရရှိမှ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သော်လည်း ခြေစွမ်းပြပြီး ၃ ဂိုးပြတ်အနိုင်ယူကာ အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
Next : ဂျပန်အသင်းကို ဂိုးမရှိသရေကစားနိုင်ခဲ့ရာမှာ အံအားသင့်ဖွယ်လက်စွမ်းပြခဲ့တဲ့ စင်ကာပူလက်ရွေးစင်ဂိုးသမားအစ်ဇ်ဝမ်မက်ဘက်နဲ့ တွေ့ဆုံခြင်း