ရန်ကုန်ယူနိုက်တက်ယှဉ်ပြိုင်ရမည့် အာရှချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ ပြီးစီး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာရှချန်ပီယံလိဂ်အုပ်စုအနေအထား

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်ပါဝင်သည့် အာရှချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲအခမ်းအနားကို အေအက်ဖ်စီဖလားအုပ်စုမဲခွဲပွဲအပြီး ဆက်လက်ကျင်းပခဲ့ရာ ရန်ကုန်ယူနိုက်တက်သည် ရှုံးထွက်ပွဲစဉ် ၂ တွင် ကျရောက်ခဲ့သည်။

ယခုပွဲစဉ်အနေအထားအရ ရန်ကုန်ယူနိုက်တက်မှာ ထိုင်းပရီးမီယားလိဂ်မှ တတိယနေရာရအသင်းနှင့် ရှုံးထွက်ပွဲစဉ်စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရခဲ့ပါက ဂျေလိဂ်မှ စတုတ္ထရအသင်းနှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကာ ထိုအဆင့်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါက အာရှချန်ပီယံလိဂ် အုပ်စု (င) တွင် ကိုရီးယားကလပ် ဂျင်ဘက်ဟွန်ဒိုင်းမော်တာ၊ တရုတ်ကလပ် ယန်ဆုစင်နတီ၊ ဗီယက်နမ်ကလပ် ဘီကာမက်စ်ဘန်ဒေါင်းတို့နှင့် အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်က အာရှချန်ပီယံလိဂ်အုပ်စုအဆင့်သို့တက်ရောက်ခဲ့ပါက အေအက်ဖ်စီဖလားပွဲစဉ်တွင် ရတနာပုံအက်ဖ်စီက ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်က ရှုံးထွက်အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ပါက အေအက်ဖ်စီဖလားပြိုင်ပွဲအုပ်စုအဆင့်တွင် သွားရောက်ကစားရမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ ဧရာဝတီယူနိုက်တက်မှာမူ အေအက်ဖ်စီဖလားယှဉ်ပြိုင်ခွင့်ကို တိုက်ရိုက်ရရှိထားသည်။

comments

error: Content is protected !!