ဒဏ်ရာသစ်ကြောင့် စတာရစ်ခ်ျ အနားယူရဦးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာပြဿနာကြောင့် ပွဲအနည်းငယ်သာကစားထားသည့် စတာရစ်ခ်ျ

လီဗာပူးတိုက်စစ်မှူး ဒန်နီရယ်စတာရစ်ခ်ျမှာ တနင်္ဂနွေနေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရမည်ဟု သိရသည်။

ယခုဒဏ်ရာမှာ ဒူးနှင့် ခြေထောက်ဒဏ်ရာပြဿနာများကြောင့် မကြာခဏအနားယူနေရသည့် အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးအတွက် နောက်ဆုံးထိုးနှက်ချက်ဖြစ်လာပြီး ဒဏ်ရာပြဿနာများကြောင့် ၎င်းမှာ ယခုရာသီတွင် ၆ ပွဲသာ ကစားထားနိုင်သည်။

ထို့အပြင် ပြီးခဲ့သည့်ရာသီကလည်း စတာရစ်ခ်ျမှာ ပေါင်၊ ခြေသလုံးကြွက်သားနှင့် တင်ပါးဒဏ်ရာများကြောင့် ၁၈ ပွဲသာ ကစားပေးနိုင်ခဲ့သည်။

၂၀၁၃ ဇန်န၀ါရီလက လီဗာပူးသို့ရောက်ရှိလာပြီး စတာရစ်ခ်ျကစားပေးခဲ့သည့် ပွဲအနေအထား

၂၀၁၂-၁၃ – ၂၁ ပွဲတွင် ၁၆ ပွဲ (၇၆.၁၉%)
၂၀၁၃-၁၄ – ၄၃ ပွဲတွင် ၃၃ ပွဲ (၇၆.၇၄%)
၂၀၁၄-၁၅ – ၅၈ ပွဲတွင် ၁၈ ပွဲ (၃၁.၀၃%)
၂၀၁၅-၁၆ – ၂၃ ပွဲတွင် ၆ ပွဲ (၂၆.၀၉%)

comments

error: Content is protected !!