ယနေ့ညပွဲတွင် ရိုးမားအတွက် ဆာလာပြန်လည်ပွဲထွက်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယမန်နေ့လေ့ကျင့်ခန်းအစီအစဉ်မှ ဆာလာ

ဘိုရီဆော့ဗ်နှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဒဏ်ရာပြဿနာမှရုန်းထွက်ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာသော ကွင်းလယ်လူဆာလာမှာ ရိုးမားနှင့်ပြန်လည်ပွဲထွက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဒဏ်ရာပြဿနာကြောင့် ဆာလာမှာ ပွဲစဉ် ၄ ပွဲလွဲချော်ခဲ့ရပြီးနောက် ဂါဗင်ဟို၊ တော့တီ၊ တိုရိုဆီဒစ်နှင့်  စထရော့မန်းတို့ဒဏ်ရာရရှိနေချိန်တွင် ပြန်လည်ပွဲထွက်နိုင်ခြင်းသည် ရိုးမားအတွက် အားတက်စရာဖြစ်လာခဲ့သည်။

ရိုးမားအသင်းသည် အုပ်စု(င)အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ရပ်တည်နေသော်လည်း တတိယနေရာမှ လေဗာကူဆင်နှင့်ရမှတ်တူညီနေပြီး ဘိုရီဆော့ဗ်နှင့် ၁ မှတ်သာကွာဟနေသောကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန်အတွက် နိုင်ပွဲလိုအပ်နေသည်။

comments

error: Content is protected !!