ပင်နယ်တီအမှတ်အသား ဖျက်ဆီးမှုအတွက် အော့စ်ဘတ်ဂိုးသမား ပြင်ဆင်ခတောင်းခံရ
|
အော့စ်ဘတ်ဂိုးသမား မာဝင်ဟစ်ဇ်မှာ ပြီးခဲ့သည့် စနေနေ့ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ကိုလုံးအသင်းအိမ်ကွင်းမှ ပင်နယ်တီအမှတ်အသားကို ပျက်စီးစေခဲ့သည့်အတွက် ပြင်ဆင်ခ ယူရို ၁၂၂.၉၂ တောင်းခံလွှာ လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။
ထိုဂိုးသမားသည် အိမ်ရှင်အသင်းက ပင်နယ်တီကန်ခွင့်ရချိန်တွင် ပင်နယ်တီအမှတ်အသားကို ခြေထောက်ဖြင့် ခြေမွဖျက်ဆီးခဲ့ပြီး ထိုပင်နယ်တီအား ပြိုင်ဘက်ကစားသမား မိုဒက်စ်တီကန်ချိန်တွင် ခြေချော်သွားကာ မာဝင်ဟစ်ဇ်ကလည်း ဂိုးမ၀င်အောင် ကာကွယ်နိုင်ခဲ့သည်။
ဟစ်ဇ်မှာ ၎င်း၏အပြုအမူအတွက် တောင်းပန်ခဲ့သော်လည်း ပင်နယ်တီအမှတ်အသား မြက်ခင်းလွှာပျက်စီးမှုနှင့် ၂ နာရီကြာ ပြန်လည်ပြင်ဆင်မှုအတွက်ကုန်ကျစရိတ်ကျခံရန် ငွေတောင်းခံလွှာပေးပို့ခြင်း ခံခဲ့ရသည်။
ထိုကစားသမားက ကုန်ကျငွေကို ပေးချေသွားမည်ဆိုသည်နှင့် ကိုလုံးကလေးဆေးရုံသို့ အလှူငွေထည့်ဝင်သွားမည်ဟု တွစ်တာမှတစ်ဆင့် အတည်ပြုခဲ့ပြီး အော့စ်ဘတ်ကလည်း မြက်ခင်းပြန်လည်ပြုပြင်ရန်အတွက် အသင်းမှ ကျွမ်းကျင်သူအား ကိုလုံးသို့ စေလွှတ်ပေးခဲ့သည်။
Next : ရှမ်းယူနိုက်တက်ဖြစ်လာမည့် ကမ္ဘောဇအက်ဖ်စီနည်းပြချုပ် ဦးစိုးမြတ်မင်းနှင့် တွေ့ဆုံမေးမြန်းခြင်း