ယူရိုပါလိဂ်တွင်ယှဉ်ပြိုင်ရမည်ဖြစ်၍ မန်ယူအသင်း၏ ပြည်တွင်းပွဲစဉ်များ ရက်ပြောင်းလဲကစားရမည်
|
ဝုလ်ဖ်ဘတ်အသင်းနှင့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွင် ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသော မန်ယူအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင်ဝင်ရောက်ကစားရမည်ဖြစ်သောကြောင့် ဖေဖော်ဝါရီ လနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်များနှင့်အက်ဖ်အေဖလားပွဲစဉ်များတွင် ရက်ရွေ့ ကစားရမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၆ ပွဲတွင် ၂ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၂ ပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စုတွင်း တတိယရခဲ့သောကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
မန်ယူအသင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲသို့ ၃၂ သင်းအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက် ၊ ၂၅ ရက်တို့တွင် ပ-အကျော့ ၊ ဒု-အကျော့ပွဲစဉ်များ စတင်ယှဉ်ပြိုင် ကစားရ မည်ဖြစ်ပြီး ယင်းပွဲစဉ်များတွင် အနိုင်ရခဲ့ပါက ပြိုင်ပွဲအဆင့်ဆင့်ကို ထပ်မံယှဉ်ပြိုင်ရဦးမည်ဖြစ်ရာ ယင်းကြောင့် ပြည်တွင်းပွဲစဉ်များတွင် ရက် ပြောင်းလဲကစားရန်စီစဉ်ခံရခြင်းဖြစ်သည်။
ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ကစားရမည်ဖြစ်သောကြောင့် မန်ယူအသင်းသည် ဖေဖော်ဝါရီနောက်ပိုင်း ပွဲစဉ်များအား တနင်္ဂနွေရက်များတွင် ကစားရမည်ဖြစ်ပြီး
ဖေဖော်ဝါရီလအတွင်း အာဆင်နယ်အသင်းအား အိမ်ကွင်းတွင်လက်ခံကစားရမည်ဖြစ်သလို မတ်လတွင် မန်စီးတီးအသင်းနှင့် အဝေးကွင်းတွင် ကစားရမည်ဖြစ်သည်။
Next : မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ယှဉ်ပြိုင်မည့် CFA Fustal Cup ပွဲစဉ်များ ထွက်ပေါ်