ဘိုတန်ကို ရှော်လ်ကေးမှ စာချုပ်ဖျက်သိမ်းကာ ထွက်ခွာခွင့်ပေး
|
ဘက်စကတ်ဘောပွဲစဉ်တစ်ခုတွင်တွေ့ရသည့် ဘိုတန်
ဂျာမန်ကလပ်ရှော်လ်ကေးသည် ကစားသမားကီဗင်ပရင့်စ်ဘိုတန်အား စာချုပ်ဖျက်သိမ်းကာ အသင်းမှထွက်ခွာခွင့်ပေးလိုက်သည့်အတွက် ၎င်းကစားသမားသည် အေစီမီလန်နှင့် လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ဂါနာလက်ရွေးစင်ဘိုတန်သည် အေစီမီလန်နှင့် လေ့ကျင့်ခန်းဆင်းနေသည်မှာ လအနည်းငယ်ကြာပြီဖြစ်ပြီး ခြေစမ်းပွဲများတွင်လည်း ပါဝင်ကစားလျက်ရှိသည်။
ထိုကစားသမားသည် အေစီမီလန်သို့ပြောင်းရွှေ့ရန်အတွက် ရှော်လ်ကေးက အငှားချထားမှု သို့မဟုတ် ၂ ဖက် စာချုပ်ဖျက်သိမ်းမှုလိုအပ်ခဲ့ပြီး ယခုအချိန်တွင် စာချုပ်ဖျက်သိမ်းလိုက်ကြောင်း ရှော်လ်ကေးဘက်မှ ကြေညာခဲ့ခြင်းဖြစ်သည်။
အေစီမီလန်နှင့် စာချုပ်ချုပ်ဆိုနိုင်တော့မည့် ဘိုတန်ကို အေစီမီလန်ကပင် ရှော်လ်ကေးသို့ ၂၀၁၃ ခုနှစ်က ယူရို ၁၀ သန်းဖြင့် ရောင်းချခဲ့သည်။
Prev : ယနေ့ညပွဲတွင် ရိုးမားအတွက် ဆာလာပြန်လည်ပွဲထွက်မည်
Next : ယူရိုပါလိဂ်တွင်ယှဉ်ပြိုင်ရမည်ဖြစ်၍ မန်ယူအသင်း၏ ပြည်တွင်းပွဲစဉ်များ ရက်ပြောင်းလဲကစားရမည်
Next : ယူရိုပါလိဂ်တွင်ယှဉ်ပြိုင်ရမည်ဖြစ်၍ မန်ယူအသင်း၏ ပြည်တွင်းပွဲစဉ်များ ရက်ပြောင်းလဲကစားရမည်