ရှုံးထွက်အဆင့်တက်ရောက်နိုင်မည့် ခြေစွမ်းပြသရမည်ဟု ဗန်ဟားလ်ပြောကြား
|
မန်ယူနည်းပြဗန်ဟားလ်က ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားမည့် ၀ုဖ်ဘတ်နှင့်ပွဲတွင် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်မည့် ခြေစွမ်းမျိုး မဖြစ်မနေပြသနိုင်ရမည်ဟု ပြောကြားသွားခဲ့သည်။
နည်းပြဗန်ဟားလ်က ”အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ အရမ်းအရေးကြီးနေတဲ့အချိန်ပါ။ သူများရဲ့ ပွဲရလဒ်ပေါ်မှာ မှီခိုနေလို့မရပါဘူး။ ကလပ်လို၊ အသင်းလို၊ ကစားသမားလို၊ စိတ်သွင်းပြီး ခြေစွမ်းပြနိုင်ရမယ်” ဟုပြောကြားခဲ့သည်။
လက်ရှိအုပ်စု (ခ) အမှတ်ပေးဇယားတွင် မန်ယူအသင်းသည် ဒုတိယနေရာ၌ ရပ်တည်နေသော်လည်း တတိယနေရာမှ ပီအက်စ်ဗီအသင်းနှင့် ရမှတ် ၁ မှတ်သာကွာဟနေသဖြင့် ၀ုဖ်ဘတ်ကို အနိုင်ရရှိမည်ဆိုပါက အုပ်စုပထမနေရာဖြင့် ၁၆ သင်းအဆင့်သို့တက်ရောက်နိုင်မည်ဖြစ်ကာ အကယ်၍ ရှုံးပွဲကြုံကာ ပီအက်စ်ဗီက နိုင်ပွဲရမည်ဆိုပါက ယူရိုပါလိဂ်သို့ရောက်ရှိမည်ဖြစ်သောကြောင့် နည်းပြဗန်ဟားလ်က မဖြစ်မနေခြေစွမ်းပြရန် လိုအပ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
Next : မန်ယူပစ်မှတ်ဟမ်မဲလ် ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရ