ဝင်စတန်ရိဒ်ကို လက်ဖြင့်တွန်းခဲ့၍ ရှဝိန်းစတိုင်ဂါကို အက်ဖ်အေစွဲချက်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရှဝိန်းစတိုင်ဂါနှင့် ၀င်စတန်ရိဒ်တို့ အချင်းများနေစဉ်

မန်ယူကွင်းလယ်လူရှဝိန်းစတိုင်ဂါသည် ၀က်စ်ဟမ်းနှင့်ကစားသည့်ပွဲတွင် ပြိုင်ဘက်နောက်ခံလူ ၀င်စတန်ရိဒ်အား လက်ဖြင့်တွန်းခဲ့သည့်အတွက် အက်ဖ်အေက ၎င်းအား ကြမ်းတမ်းစွာကစားမှုဖြင့် စွဲချက်တင်ထားကြောင်း သိရှိရသည်။

ရှဝိန်းစတိုင်ဂါသည် ပွဲချိန် မိနစ် ၄၀ တွင်ရရှိသော ပြစ်ဒဏ်ဘောကန်တင်မည့်အချိန်တွင် အဆိုပါနောက်ခံလူနှင့်အပြိုင် နေရာယူနေစဉ် ဘယ်လက်ဖြင့်ဆောင့်တွန်းခဲ့ခြင်းဖြစ်သည်။

ယခုစွဲချက်အတွက် ရှဝိန်းစတိုင်ဂါတွင် အပြစ်ရှိကြောင်းတွေ့ရှိပါက ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး စွဲချက်အတွက် ကြာသပတေးနေ့အထိ တုံ့ပြန်ခွင့်ရှိကြောင်း သိရှိရသည်။

ထိုအဖြစ်အပျက်အပြီးတွင် ကွင်းလယ်ဒိုင်ကလက်တန်ဘတ်ဂ်ျက ကစားသမား ၂ ဦးလုံးကို ဆွေးနွေးခဲ့ပြီး ပွဲပြီးအစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့ခြင်းမရှိသော်လည်း အက်ဖ်အေက ဒိုင်လူကြီးဟောင်း ၃ ဦးပါဝင်သည့်အဖွဲ့က ဗီဒီယိုမှတ်တမ်းပြန်လည်ကြည့်ရှုကာ စွဲချက်တင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

comments

error: Content is protected !!