အလှည့်ကျကစားသမားသုံးစွဲမည်ဖြစ်သော်လည်း လက်ရှိခြေစွမ်းဆက်ထိန်းမည်ဟု ဘင်နီတက်ဇ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကစားသမားအလှည့်ကျအသုံးပြုမည့် ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ယနေ့ညတွင် မယ်လ်မိုနှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲ၌ အလှည့်ကျကစားသမားစနစ်သုံးစွဲမည်ဖြစ်သော်လည်း မူလခြေစွမ်းကိုထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။

မယ်လ်မိုနှင့်ပွဲနှင့်ပတ်သက်၍ နည်းပြဘင်နီတက်ဇ်က ”ဒီနေ့ညကစားမယ့်ပွဲက အလှည့်ကျကစားသမားသုံးစွဲခွင့်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့တစ်သမတ်တည်းရည်ရွယ်ချက်က နိုင်ပွဲရဖို့ဖြစ်ပြီး ဒါတွေအားလုံးအဆင်ပြေဖို့ ကြိုးပမ်းမှာပါ။ အလှည့်ကျကစားသမား သုံးစွဲတာကလည်း ဗီလာရီးရဲလ်နဲ့ပွဲမှာ ရလဒ်ကောင်းဖို့အတွက်ပါပဲ” ဟု ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရီးရဲလ်မှာ ဘာစီလိုနာနှင့်ယှဉ်ပြိုင်ခဲ့သည့် အယ်လ်ကလက်စီကိုရှုံးပွဲအပြီးတွင် ပုံမှန်ခြေစွမ်းရရန်ပြန်လည်ရုန်းကန်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက်နိုင်ပွဲရယူကာ ယခုပွဲနှင့် လာမည့်ဗီလာရီးရဲလ်ပွဲတွင် ထပ်မံအနိုင်ရလိုသောကြောင့် ဘေးလ်၊ မိုဒရစ်၊ နာဗက်စ်တို့ကို အနားပေးကာ အလှည့်ကျကစားသမားသုံးစွဲခြင်းဖြစ်သည်ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!