မန်စီးတီး အုပ်စုဗိုလ်မဖြစ်နိုင်ဆိုသော ဝေဖန်မှုများကို ပယ်လီဂရီနီလက်မခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အုပ်စုဗိုလ်မဖြစ်နိုင်ဟူသည့်ဝေဖန်မှုများကို လက်မခံသည့် ပယ်လီဂရီနီ

ယနေ့ညတွင်ကစားမည့် မန်စီးတီးအသင်းမှာ နောက်ဆုံး ၅ ပွဲရလဒ်တွင် ၃ ပွဲအရေးနိမ့်ခဲ့ပြီးနောက် အဂူရို၊ ကွန်ပနီတို့ ပါဝင်ရန်မသေချာသည့် ချန်ပီယံလိဂ်၌ အုပ်စုဗိုလ်ဖြစ်နိုင်ခြေမရှိဆိုသော ဝေဖန်မှုများကို လက်မခံကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါနည်းပြက ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သော အာဆင်နယ်၊ ချဲလ်ဆီးနှင့် မန်ယူတို့သည်လည်း ယခုတစ်ပတ်ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲတွင် အောင်မြင်မှုရရှိနိုင်ရန်အတွက် မိမိတို့ကဲ့သို့ ကြိုးပမ်းရမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဝေဖန်မှုများနှင့်ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”အရေးကြီးတဲ့အချက်က နောက်တစ်ဆင့်တက်နိုင်ဖို့ပါ။ အုပ်စုဗိုလ်မဖြစ်ခဲ့ဘူးဆိုရင်လည်း ဒါကို စိတ်ပျက်စရာလို့ ကျွန်တော်မသတ်မှတ်ဘူး။ ချဲလ်ဆီး၊ မန်ယူ၊ အာဆင်နယ်တို့လည်း ကျွန်တော်တို့လိုအခြေအနေပါပဲ” ဟု ပြောကြားခဲ့သည်။

မန်စီးတီးမှာ ချန်ပီယံလိဂ်အုပ်စု (ဃ) တွင် ရမှတ် ၉ မှတ်ပိုင်ဆိုင်ထားသဖြင့် ဂလာဘတ်ကိုအနိုင်ကစားကာ ဦးဆောင်သူဂျူဗင်တပ်သည် ဆီဗီလာကို အရေးနိမ့်မည်ဆိုပါက အုပ်စုပထမနေရာဖြင့် ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သည်။

comments

error: Content is protected !!