မန်ယူပစ်မှတ်ဟမ်မဲလ် ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရ
|
မန်ယူကပစ်မှတ်ထားနေသော နောက်ခံလူဟမ်မဲလ်မှာ ဒေါ့မွန်တွင် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည်ဟု ဂျာမန်သတင်းစာ Bild မှ ဖော်ပြသွားခဲ့သည်။
အဆိုပါဒေါ့မွန်အသင်းခေါင်းဆောင်သည် ပြီးခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ၀ုဖ်ဘတ်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲကို အဖျားဝေဒနာကြောင့်လွဲချော်ခဲ့ရပြီး စတုဂတ်နှင့်ပွဲတွင်လည်း အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရသည်။
နောက်ခံလူဟမ်မဲလ်မပါဝင်နိုင်သည့်ပွဲများတွင် ကွင်းလယ်လူဘန်ဒါက ဗဟိုခံစစ်နေရာတွင်ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ယခုအချိန်၌ ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရခြင်းဖြစ်သည်။
အသက် ၂၆ နှစ်ရှိ အဆိုပါခံစစ်မှူးသည် နည်းပြကလော့ပ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း ယခုနည်းပြသစ်တူချယ်လက်ထက်၌ ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရသဖြင့် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ပြီးခဲ့သည့်နွေရာသီက ခေါ်ယူရန်ဆက်သွယ်ခဲ့သော မန်ယူအသင်းသို့ပြောင်းရွှေ့ဖွယ်ရှိသည်ဟု Bild မှ ရေးသားဖော်ပြခဲ့သည်။
Next : အလှည့်ကျကစားသမားသုံးစွဲမည်ဖြစ်သော်လည်း လက်ရှိခြေစွမ်းဆက်ထိန်းမည်ဟု ဘင်နီတက်ဇ်ပြောကြား