ချန်ပီယံလိဂ်တွင် အုပ်စုပထမနေရာရရေး အလွန်အရေးကြီးဟု ဂျူဗီနည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အုပ်စုပထမနေရာရရန် အရေးကြီးသည်ဟုဆိုလိုက်သည့် အယ်လီဂရီ

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပထမနေရာရရေးမှာ အလွန်အရေးကြီးသည်ဟု ပြောကြားလိုက်သည်။

ဂျူဗင်တပ်မှာ ဆီဗီလာနှင့်ကစားမည့် အုပ်စုနောက်ဆုံးပွဲတွင် သရေကျရုံဖြင့် အုပ်စုပထမနေရာရမည်ဖြစ်ပြီး အခြားအုပ်စုများမှ ပထမနေရာဖြင့် နောက်အဆင့်တက်လာမည့်အသင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် အယ်လီဂရီက” အုပ်စုပထမနေရာရဖို့ အရင်လုပ်ရမယ်။ အဲဒီနေရာရဖို့က အရမ်းအရေးကြီးတယ်။ ဘာစီလိုနာ၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်တို့က သူတို့အုပ်စုတွေမှာ ပထမနေရာယူပြီးတက်လာမှာ သေချာတယ်။ သူတို့တွေက လက်ရှိဥရောပရဲ့အကောင်းဆုံးတွေဖြစ်လို့ ထိပ်တိုက်တွေ့လို့မဖြစ်ဘူး”ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်မှာ ဆီဗီလာနှင့်ပွဲအတွက် ဗဟိုခံစစ်မှူး ၄ ဦး အသင့်ရှိနေသော်လည်း တိုက်စစ်မှူးမန်ဇူကစ်မှာ အဖျားဝေဒနာကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ နောက်ခံလူအီဗရာမှာလည်း ဒူးဒဏ်ရာကြောင့် အနားယူရမည်ဟု သိရှိရသည်။

comments

error: Content is protected !!