အက်သလက်တီကိုတွင်သာ ဆက်ရှိနေမည်ဟု ဂရစ်ဇ်မန်းပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အက်သလက်တီကိုတွင်သာ ဆက်ကစားမည်ဟုဆိုလိုက်သည့် ဂရစ်ဇ်မန်း

လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီးမှခေါ်ယူရန်ကြိုးပမ်းနေသော အက်သလက်တီကိုတိုက်စစ်မှူးဂရစ်ဇ်မန်းက လက်ရှိအသင်းနှင့်သာ ဆက်ရှိနေမည်ဟု ပြောကြားလိုက်သည်။

အဆိုပါတိုက်စစ်မှူးသည် ယခုနွေရာသီကာလတွင် အက်သလက်တီကိုနှင့် စာချုပ်သစ်ထပ်မံချုပ်ဆိုထားကာ ယခုဘောလုံးရာသီတွင် သွင်းဂိုး ၇ ဂိုးရယူပေးနိုင်ခဲ့ပြီး လာမည့်ဘောလုံးရာသီများတွင်လည်း ခြေစွမ်းပြရန်ပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဂရစ်ဇ်မန်းက ”လီဂူး-၁၊ ပရီးမီးယားလိဂ်နဲ့ စီးရီးအေတို့မှာ ကစားဖို့ဆန္ဒမရှိပါဘူး။ ကျွန်တော်အခုစပိန်ကိုရောက်နေတာပါ။ ကျွန်တော်ဒီမှာကစားရတာပျော်ရွှင်ပါတယ်။ ဒီမှာရှိတဲ့အရာအားလုံးကို ကျွန်တော်နှစ်သက်တယ်” ဟု ပြောကြားခဲ့သည်။

ဂရစ်ဇ်မန်းသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင်လည်း အက်သလက်တီကိုအတွက် ၂၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး မန်ယူအသင်းမှ ခေါ်ယူရန်ဆက်သွယ်ခြင်းခံခဲ့ရဖူးသည်။

comments

error: Content is protected !!