နည်းပြဂယ်ရီနဗီးလ်၏ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ပရိသတ်များစွာ လာရောက်ကြည့်ရှု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နည်းပြဂယ်ရီနဗီးလ်၏ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို လာရောက်ကြည့်ရှုသည့် ပရိသတ်များ

ဗလင်စီယာနည်းပြအဖြစ် ဂယ်ရီနဗီးလ်က ပထမဆုံးပြုလုပ်သည့် တနင်္လာနေ့လေ့ကျင့်ခန်းအစီအစဉ်ကို ပရိသတ်ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်မှာ ဗလင်စီယာနည်းပြအဖြစ် လိုင်ယွန်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပထမဆုံးတာဝန်ယူမည်ဖြစ်ပြီး ၎င်း၏ပွဲဦးထွက်လေ့ကျင့်ရေးအစီအစဉ်အား လာရောက်ကြည့်ရှုရန် ပရိသတ်များနှင့် မီဒီယာများကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဂယ်ရီနဗီးလ်၏ ညီဖြစ်သူ ဖီးလ်နဗီးလ်မှာ ဗလင်စီယာလက်ထောက်နည်းပြအဖြစ် ဇူလိုင်လကတည်းက တာဝန်ယူနေပြီး အစ်ကိုဖြစ်သူရောက်ရှိလာချိန်တွင်လည်း ထိုရာထူးဖြင့်ပင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်။

comments

error: Content is protected !!