ကစားသမားသစ်များခေါ်ယူမည်ဆိုပါက လက်စတာချန်ပီယံဖြစ်နိုင်ဟု ဖာဂူဆန်သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
TechCrunch Disrupt London 2015 အခမ်းအနားတွင်တွေ့ရသည့် ဖာဂူဆန်

မန်ယူဂန္ထ၀င်နည်းပြဖာဂူဆန်က လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေသော လက်စတာအသင်းမှာ လာမည့်ဇန်န၀ါရီတွင် ကစားသမားသစ်များခေါ်အားဖြည့်နိုင်မည်ဆိုပါက ယခုနှစ်ချန်ပီယံဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လက်စတာနှင့်ပတ်သက်၍ ဖာဂူဆန်က ”အသင်းတစ်သင်းဟာ လျင်မြန်မှု၊ ကြိုးပမ်းမှုနဲ့ ထူးခြားတဲ့စွမ်းရည်ရှိရပါမယ်။ လက်ရှိလိဂ်ပြိုင်ပွဲမှာ လက်စတာက အသင်းကောင်းတစ်သင်းဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒါပေမဲ့ မေးခွန်းထုတ်စရာရှိတာက ဘယ်အချိန်ထိ အခုလိုခြေစွမ်းပြနိုင်မလဲ။ သူတို့မှာရှိတဲ့ လူအင်အားကရော ဘောလုံးရာသီတစ်ခုလုံးအတွက် ပြည့်စုံပြီလား။ ကျွန်တော်တို့ပထမဆုံး ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ၁၉၉၂-၉၃ ခုနှစ်ကို ပြန်ကြည့်ရအောင်။ နောဝစ်ခ်ျဟာ အမှတ်ပေးဇယားကို မတ်လအလယ်လောက်အထိ ဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့အိမ်ကွင်းမှာ ကျွန်တော်တို့နိုင်ပွဲယူပြီး ဆုဖလားသိမ်းနိုင်ခဲ့တယ်။ အဲဒါက အခုလက်စတာလိုဖြစ်နေပါတယ်။ သူတို့ဘယ်အတိုင်းအတာအထိ အခုလူစာရင်းနဲ့ခရီးဆက်မလဲ၊ ဘောလုံးရာသီတစ်ခုလုံးပဲ ခရီးဆက်မလား။ ကျွန်တော့်အမြင်အရ ဇန်န၀ါရီမှာ လူအင်အားဖြည့်တင်းသွားမယ်၊ အဲဒီကစားသမားတွေကို အခုအတိုင်းကစားစေနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

ထို့အပြင် ဖာဂူဆန်က ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသောကြောင့် နည်းပြမော်ရင်ညိုကို ချဲလ်ဆီးပိုင်ရှင်အေဘရာမိုဗစ်က အသင်းမှ ထုတ်ပယ်မည်ဆိုပါက မိုက်မဲသည့်လုပ်ရပ်ဖြစ်သွားမည်ဟု သုံးသပ်ပြောကြားခဲ့သည်။

comments

error: Content is protected !!