စာချုပ်သက်တမ်းကုန်မည့် ကစားသမားအများစု နွေရာသီတွင် အေစီမီလန်မှ ထွက်ခွာမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အေစီမီလန်က လစာလျှော့ကာ သက်တမ်းတိုးဖွယ်ရှိနေသော မွန်တိုလီဗို

အေစီမီလန်အသင်းနှင့် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမား ၈ ဦးအနက် ၆ ဦးမှာ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

အေစီမီလန်မှာ အငှားခေါ်ယူထားသည့်တိုက်စစ်မှူးများဖြစ်သော ဘာလော့တယ်လီ၊ ဆာဆီတို့ကို ဆက်လက်ခေါ်ယူမည်မဟုတ်တော့ဘဲ ရာသီအဆုံးတွင် ၎င်းတို့၏ ခြေစွမ်းကိုပြန်လည်သုံးသပ်မည်ဖြစ်သော်လည်း အသင်းတွင်ဆက်ရှိနေရေးမှာ ၂ ဦးလုံးအတွက် အခွင့်အရေးနည်းပါးနေကြောင်း အီတလီသတင်းဌာနတစ်ခုက သုံးသပ်ခဲ့သည်။

ထို့အပြင် အဲလက်စ်၊ မက်ဆက်စ်၊ ဇာပါတာနှင့် နိုဆီရီနိုတို့မှာလည်း ၂၀၁၆ ဇွန်လတွင် စာချုပ်သက်တမ်းကုန်မည်ဖြစ်ပြီး ထိုကစားသမားများအနက် နောက်ခံလူ ၁ ဦးကိုသာ အသင်းတွင် ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး မြင့်မားသည့်လစာများပေးချေနေရမှုကို အေစီမီလန်က လျှော့ချမည်ဟု သိရသည်။

စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းတွင်ဆက်ရှိနေဖွယ်ရှိသည့် ကစားသမားများမှာ မွန်တိုလီဗိုနှင့် အဘီယာတီတို့ဖြစ်ကြောင်းသိရသော်လည်း အသင်းခေါင်းဆောင်မွန်တိုလီဗိုမှာ လက်ရှိတစ်နှစ်လုပ်ခ ယူရို ၃.၅ သန်းအောက်သာ ကမ်းလှမ်းခံရဖွယ်ရှိနေသည်။

ကာလရှည်ကစားသမား အဘီယာတီကိုမူ တတိယဂိုးသမားနေရာ သို့မဟုတ် ဂိုးနည်းပြရာထူးတို့အနက် တစ်ခုခုအားရွေးချယ်ရန် လမ်းဖွင့်ပေးသွားမည်ဟု သိရှိရသည်။

comments

error: Content is protected !!