သွင်းဂိုးပျောက်ဆုံးနေပါက မန်ယူအောင်မြင်မှုမရရှိနိုင်ဟု ရှဝိန်းစတိုင်ဂါ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝက်စ်ဟမ်းဘက်သို့တိုက်စစ်ဆင်နေသည့် ရှဝိန်းစတိုင်ဂါ

မန်ယူကွင်းလယ်လူရှဝိန်းစတိုင်ဂါက အသင်းဖော်များကို လာမည့်ပွဲများ၌ ဂိုးသွင်းယူနိုင်ရန် ပြင်ဆင်ရမည်ဖြစ်ကြောင်းနှင့် သွင်းဂိုးပျောက်ဆုံးနေပါက အောင်မြင်မှုရှိနိုင်မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

မန်ယူသည် ယခုနှစ်ဘောလုံးရာသီတွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၆ ပွဲ၌ ၄ ပွဲသွင်းဂိုးပျောက်ဆုံးကာ ပြီးခဲ့သည့်စနေနေ့က ယှဉ်ပြိုင်ခဲ့သော ၀က်စ်ဟမ်းနှင့်ပွဲတွင်လည်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ ကွင်းလယ်လူရှဝိန်းစတိုင်ဂါက ”သရရလဒ်တွေပဲပိုင်ဆိုင်နေရင် အောင်မြင်မှုရမှာမဟုတ်ဘူး။ ဂိုးရဖို့အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပြီး မသွင်းနိုင်ခဲ့ဘူး။ နိုင်ဖို့မလွယ်တဲ့ပွဲတွေမှာ ဂိုးရဖို့က အရမ်းအရေးပါတယ်။ ဆုဖလားသိမ်းပိုက်နိုင်မယ်လို့ ပြောလို့မရသေးပါဘူး။ ဘာလို့လဲဆိုတော့ ၀က်စ်ဟမ်းနဲ့ပွဲမှာ အနိုင်မရခဲ့လို့ပါပဲ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!