ကမ္ဘောဇနှင့် ရခိုင်ယူနိုက်တက် ခြေစမ်းပွဲကစားမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ခန်းအစီအစဉ်တွင်တွေ့ရသည့် ရခိုင်ယူနိုက်တက်ကစားသမားများ

ဒီဇင်ဘာ ၇။
အောင်သော်ဖြိုး။

၂၀၁၆ မြန်မာနေရှင်လိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ရခိုင်ယူနိုက်တက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြု ကမ္ဘောဇအသင်းတို့ ရာသီကြိုခြေစမ်းပွဲအဖြစ် ဒီဇင်ဘာ ၈ ရက် ညနေ ၃:၃ဝ တွင် သုဝဏ္ဏမြက်ခင်းတုလေ့ကျင့်ရေးကွင်း၌ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ကမ္ဘောဇအသင်းသည် လာမည့်ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရွေးစင်အဆင့်ကစားသမားများဖြစ်ကြသည့် သီဟစည်သူ၊ နေလင်းထွန်း၊ ဟိန်းသီဟဇော်၊ လှိုင်မျိုးအောင်တို့ကို ခေါ်ယူထားကာ ခြေစွမ်းစမ်းသပ်နေသည့် နိုင်ငံခြားသားကစားသမားများလည်း ထိုခြေစမ်းပွဲတွင်ပါဝင်မည်ဟု KBZ အသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ဆိုသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီက နောက်ဆုံးချိန်ထိ ရုန်းကန်ကာ မြန်မာနေရှင်နယ်လိဂ်တွင်ကျန်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် အသစ်ခန့်အပ်ထားသည့် ​လူငယ်အသင်းနည်းပြဟောင်း ဦးအောင်ဇော်မျိုးက ကိုင်တွယ်မည်ဖြစ်သည်။

ရခိုင်အသင်းသည်အသင်းမှ ဂါနာနောက်ခံလူ ဘားနက်အချော၊ ကျော်နိုင်မြင့်၊ ဥာဏ်လင်းထက်၊ ထွန်းထွန်းဦး၊ စိုးမိုးကျော်၊ သူရကိုကိုတို့ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး ဧရာဝတီ၊ မနောမြေ၊ ဇွဲကပင်နှင့် ချင်းယူနိုက်တက်တို့တွင် ကစားခဲ့ဖူးသည့် တောင်ပံကစားသမား ညီညီမင်းကို ခေါ်ယူထားသည်။

comments

error: Content is protected !!