KBZ အသင်း နိုင်ငံခြားကစားသမား ၃ ဦး ခေါ်ယူစမ်းသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
KBZ FC က ခြေစွမ်းစမ်းသည့်ခဲ့သည့် ပြည်ပကစားသမားများ

ဒီဇင်ဘာ ၇။
အောင်သော်ဖြိုး။

အပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူမှု အများဆုံးပြုလုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြု KBZ FC သည် ယနေ့နံနက်ကပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ပြည်ပကစားသမား ၃ ဦး ပါဝင်ခြေစမ်းခဲ့သည့်ဟု ကမ္ဘောဇအသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ဆိုသည်။

အဆိုပါ ကစားသမား ၃ ဦးသည် ဒီဇင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် နိုင်ဂျီးရီးယားတိုက်စစ်မှုး အိုဘီနာ၊ ဘရာဇီး တိုက်စစ်အားသန်ကွင်းလယ်လူ ဂတ်စတာဗိုနှင့် ဂူနီယာကွင်းလယ်ခံစစ်ကစားသမား အလီကာမာရာတို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇအသင်းသည် ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် သီဟစည်သူ၊ နေလင်းထွန်း၊ ဟိန်းသီဟဇော် ၊ လှိုင်မျိုးအောင်တို့ကို ခေါ်ယူထားပြီး ဧရာဝတီအသင်းနှင့် စာချုပ်ကုန်ဆုံးခဲ့သည့် ထိုက်ထိုက်အောင်ကိုလည်း ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။

ကမ္ဘောဇအသင်းမှ နိုင်ငံခြားကစားသမားခေါ်ယူရန်အတွက် ယနေ့ခြေစွမ်းစမ်းသပ်ခဲ့သည့် ကစားသမား ၃ ဦးအပြင် နောက်ထပ် ၅ ဦးခန့် ထပ်မံလာရောက်ရန် ရှိနေသေးကြောင်း KBZ အသင်းမှ သတင်းထုတ်ပြန်ထားသည်။

comments

error: Content is protected !!