Horizon အသင်း ပြည်တွင်းကစားသမား ၃ ဦး ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြီးခဲ့သည့်ရာသီကတွေ့ရသည့် Horizon FC ကစားသမားများ

ဒီဇင်ဘာ ၇။
အောင်သော်ဖြိုး။

မြန်မာနေရှင်နယ်လိဂ်သို့ ပထမဆုံးအကြိမ်တန်းတက်လာသည့် Horizon အသင်းသည် ရာသီကြိုပြင်ဆင်မှုအဖြစ် အပြောင်းအရွှေ့ကာလအတွင်း ပြည်တွင်းကစားသမား ၃ ဦး ခေါ်ယူခဲ့ကြောင်း Horizon အသင်းမန်နေဂျာ ဦးကျော်ကျော်ဦးက ဆိုသည်။

Horizon အသင်းသည် ဒဂုံ FC မှ ကွင်းလယ်ကစားသမား အောင်ရဲကျော်၊ နောက်ခံလူ ဖြိုးမောင်မောင်တို့ကို ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး GFA အသင်းမှ တိုက်စစ်မှူး နိုင်ကိုလင်းကိုခေါ်ယူရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကာ အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့သည်ဟု ၎င်းက ရှင်းပြသည်။

Horizon အသင်းသည် နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် ခြေစွမ်းလာရောက်စမ်းသပ်နေသည့် အာဖရိက ကစားသမား ၁ ဦးနှင့် ဂျပန်ကစားသမား ၁ ဦးတို့ကို စမ်းသပ်ရန်အစီအစဉ်ရှိပြီး ပြည်တွင်းမှ အတွေ့အကြုံရှိကစားသမားအချို့လည်း အသင်းတွင် လာရောက်စမ်းသပ်ရန် ရှိနေကြောင်း သိရသည်။

Horizon အသင်းသည် မြန်မာနေရှင်နယ်လိဂ်သို့ ပထမဆုံးတက်ရောက်သည့်ရာသီတွင် အကောင်းမွန်ဆုံးပုံစံရရှိရေးအတွက် တူရကီနိုင်ငံသား မစ္စတာပါလာကို နည်းပြချုပ်ခန့်အပ်ခဲ့ပြီး အသင်းကို တန်းတက်အောင် ကိုင်တွယ်ခဲ့သည့် တူရကီနိုင်ငံသား အူဘေးကို အသင်းကြီးလက်ထောက်နည်းပြနှင့် လူငယ်အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

comments

error: Content is protected !!