မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲတွင် ဂတ်စ်တာဗို ပါဝင်ရန်မသေချာ
|
မန်ယူနှင့်ပွဲတွင် ပါဝင်ရန်မသေချာသည့် ဂတ်စ်တာဗို
ဝုဖ်ဘတ်ကွင်းလယ်လူဂတ်စ်တာဗိုမှာ မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှုမပြည့်ဝသဖြင့် ပါဝင်ကစားရန် မသေချာကြောင်း သိရှိရသည်။
အဆိုပါဘိုင်ယန်မြူးနစ်ကစားသမားဟောင်း၏ ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ ၀ုဖ်ဘတ်အားကစားဒါရိုက်တာ အောလော့ဖ်က အပြည့်အ၀ကြံ့ခိုင်မှုမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝုဖ်ဘတ်နည်းပြဟက်ကင်းက အဆိုပါဘရာဇီးကစားသမားကို မန်ယူနှင့်ပွဲတွင်ထည့်သွင်းရန်စီစဉ်ခဲ့သော်လည်း အားကစားဒါရိုက်တာ အောလော့ဖ်က ဒဏ်ရာအခြေအနေဆိုးရွားမှုမရှိစေရေးအတွက် ချန်လှပ်ရန် ပြောကြားထားသည်။
ဂတ်စ်တာဗိုသည် ပြီးခဲ့သည့်ဇွန်လတွင် အဆိုပါဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ကြံ့ခိုင်မှုအပြည့်အ၀ရရှိရန်အတွက် ရုန်းကန်နေရသူဖြစ်သည်။
Prev : ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် လူစားမလဲခဲ့သည့် ဘာစီလိုနာ
Next : ဗီယက်နမ်လက်ရွေးစင်ကစားသမားNguyen Cong Phuong အား ဂျေလိဂ်၂ကလပ်mito hollyhock ခေါ်ယူ
Next : ဗီယက်နမ်လက်ရွေးစင်ကစားသမားNguyen Cong Phuong အား ဂျေလိဂ်၂ကလပ်mito hollyhock ခေါ်ယူ