ရိုးမားကစားသမား ဂါဗင်ညိုနှင့် တိုရိုဆီဒစ်တို့ဒဏ်ရာရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တိုရီနိုနှင့်ပွဲတွင် ဆေးကုသမှုခံယူနေသည့် ဂါဗင်ညို

ရိုးမားကစားသမား ဂါဗင်ညိုမှာ တိုရီနိုနှင့်ကစားခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ကြွက်သားဒဏ်ရာမှာ မပြင်းထန်သော်လည်း ဘိုရီဆော့ဗ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးကြောင်းနှင့် နောက်ခံလူ တိုရိုဆီဒစ်မှာ ဒဏ်ရာပြင်းထန်ကြောင်း ရိုးမားက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဂါဗင်ညိုမှာ ဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူခဲ့ပြီးနောက် ယခုပွဲတွင် ပြန်လည်ပါဝင်ခဲ့သော်လည်း ၂၅ မိနစ်သာ ကစားခဲ့ရပြီး ဆေးစစ်ချက်များအရ ကြွက်သားစုတ်ပြဲမှုမရှိသော်လည်း ၎င်း၏အခြေအနေကို တစ်ရက်ချင်း အကဲဖြတ်ရမည်ဟု သိရသည်။

တိုရိုဆီဒစ်မှာ တိုရီနိုနှင့်ပွဲတွင်ပင် ဒဏ်ရာရခဲ့ပြီး ညာဘက်ပေါင်ဒဏ်ရာကြောင့် ၃ ပတ်ကြာအနားယူရမည်ဟု ရိုးမား၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

comments

error: Content is protected !!