၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် လူစားမလဲခဲ့သည့် ဘာစီလိုနာ
|
ဗလင်စီယာနှင့်ပွဲတွင် အရန်ကစားသမား အသုံးမပြုခဲ့သည့် ဘာစီလိုနာနည်းပြ
စပိန်ကလပ်ဘာစီလိုနာသည် အရန်ကစားသမားလဲလှယ်ခွင့် ၃ ကြိမ်အား လုံးဝအသုံးမပြုမှု မရှိခဲ့သည်မှာ ဆယ်စုနှစ် ၁ ခုကျော် ကြာမြင့်ပြီဖြစ်သည်။
သို့သော် ဘာစီလိုနာနည်းပြလူးဝစ်အန်းနရစ်သည် မက်စ်တဲလား၌ကစားခဲ့သော ဗလင်စီယာနှင့်ပွဲတွင် လူစားလဲလှယ်ခွင့် ၃ ကြိမ်ကို လုံးဝအသုံးမပြုခဲ့ဘဲ အရန်ကစားသမားများအဖြစ်စာရင်းပေးထားသည့် တာစတီဂန်၊ ဘာထရာ၊ မူနီအာ၊ ဆန်ဒရို၊ အက်ဒရီယာနို၊ ဗာမယ်လန်နှင့် ဆမ်ပါတို့ကို အရန်ခုံတွင်သာ မိနစ် ၉၀ ပြည့် ဆက်ရှိနေစေခဲ့သည်။
ဘာစီလိုနာနည်းပြတစ်ဦးက လူစားလဲလှယ်ခွင့်အား လုံးဝအသုံးမပြုခဲ့သည်မှာ ၁၉၉၈-၉၉ ဘောလုံးရာသီကဖြစ်ပြီး ထိုစဉ်ကနည်းပြမှာ မန်ယူအား ယခုတာဝန်ယူနေသည့် လူးဝစ်ဗန်ဟားလ်ဖြစ်သည်။
Prev : ရိုးမားကစားသမား ဂါဗင်ညိုနှင့် တိုရိုဆီဒစ်တို့ဒဏ်ရာရ
Next : မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲတွင် ဂတ်စ်တာဗို ပါဝင်ရန်မသေချာ
Next : မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲတွင် ဂတ်စ်တာဗို ပါဝင်ရန်မသေချာ