ချမှတ်သည့်ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ခံယူမည်ဟု သီဟထက်အောင်ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
epa04389380 Thailand's Tanadol Jansawang (L) in action against Myanmar's Thiha Htet Aung (L) during the AFF Nutifood U19 Cup 2014 soccer match between Thailand and Myanmar in Hanoi, Vietnam, 07 September 2014.  EPA/LUONG THAI LINH
2014 AFF Nutifood ပြိုင်ပွဲတွင် သီဟထက်အောင်အား ထိုင်းကစားသမားဂျန်ဆာဝန်နှင့်ယှဉ်ပြိုင်ကစားနေစဉ်။

အောင်သော်ဖြိုး။
ဒီဇင်ဘာ ၅။

စခန်းဝင် လေ့ကျင့်ရန် နောက်ကျခြင်းကြောင့် မြန်မာ့လက်ရွေးစင် ကစားသမား စည်သူအောင် နှင့် မြန်မာ ယူ-၂၁ ကစားသမား သီဟထက်အောင် တို့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ မှ ငွေဒဏ် နှင့် ပွဲပယ် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ပြစ်ဒဏ်အပေါ် ကျေနပ်စွာခံယူမည်ဟု သီဟထက်အောင်ကပြောလိုက်သည်။

စည်သူအောင်ကို ၂၀၁၆ ခုနှစ်တွင် MFF က ကျင်းပသည့် ပြိုင်ပွဲများတွင် ၆ပွဲပယ် ပြစ်ဒဏ် နှင့် ဒဏ်ကြေးငွေ ၄သိန်းပေးဆောင်ရန်သီဟထက်အောင် ကို ၂၀၁၆တွင် MFF က ကျင်းပသည့် ပြိုင်ပွဲများတွင် ၃ပွဲပယ် ပြစ်ဒဏ် နှင့် ဒဏ်ကြေးငွေ ၂သိန်းတို့ကို ပေးဆောင်ရန်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဆုံးဖြတ်ခဲ့သည်။

ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် သီဟထက်အောင်က”စည်းကမ်းထိန်းသိမ်းရေးကချမှတ်တဲ့ ပြစ်ဒဏ်ကိုကျေကျေနပ်နပ်ခံယူမှာပါ။ စာရွက်စာတမ်းနဲ့ တင်ရမှာကို ဖုန်းနဲ့ပဲခွင့်တိုင်မိခဲ့တယ်။ အနည်းငယ်နားလည်မှုလွဲခဲ့တာပါ”ဟုပြောခဲ့သည်။

မြန်မာ နေရှင်နယ်လိဂ် စတင်သည့် ၂၀၀၉ ခုနှစ်မှ စတင်ပြီး ကစားသမားများ စည်းကမ်း ပျက်ကွက်မှုကြောင့် အရေးယူခံရမှုသည့်
စည်သူအောင် နှင့် သီဟထက်အောင်တို့မှာ ပထမဦးဆုံးဖြစ်ပြီး အခြားနိုင်ငံများတွင် နိုင်ငံကို ကိုယ်စားပြုသည့် လက်ရွေးစင်အသင်းကို ဦးစားမပေးဘဲ
ပျက်ကွက်ခဲ့ပါက ယခုထက် ကြီးလေးသည့် ပြစ်ဒဏ်များကို ပေးခြင်း ခံရနိုင်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက
ဆိုသည်။

ရတနာပုံအသင်း နှင့် မြန်မာ့လက်ရွေးစင် ကစားသမားဖြစ်သူ စည်သူအောင် နှင့် ရန်ကုန်ယူနိုက်တက် နှင့် မြန်မာ ယူ-၂၁ အသင်းလက်ရွေးစင် သီဟထက်အောင် တို့ကို စခန်းဝင် လေ့ကျင့်ရန် ပျက်ကွက်ခြင်းကြောင့် သက်ဆိုင်ရာ အသင်းအုပ်ချုပ်သူများက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တင်ပြခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီက MNL 2015 စည်းမျဉ်းစည်းကမ်း အပိုဒ် (၇၂)၊အပိုဒ် (၇၃) နှင့် စည်းကမ်းထိန်းသိမ်းရေး အပိုဒ် (၁၃) တို့အရ အရေးယူခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!