ဝက်စ်ဟမ်း၊ ၀ုဖ်ဘတ်တို့နှင့်ပွဲစဉ်များကို ရွန်နီလွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စတာနှင့်ပွဲတွင် ဒဏ်ရာရခဲ့သည့် ရွန်နီ

မန်ယူအသင်းခေါင်းဆောင်ရွန်နီသည် ယနေ့ကစားမည့် ၀က်စ်ဟမ်းနှင့်ပွဲစဉ်၊ ချန်ပီယံလိဂ်နောက်အဆင့်တက်ရေး အဆုံးအဖြတ်ဖြစ်သည့် ၀ုဖ်ဘတ်တို့နှင့်ပွဲစဉ်များကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သည်။

ရွန်နီမှာ လက်စတာနှင့် သရေကျခဲ့သည့်ပွဲတွင် ပွဲချိန်ပြည့်မကစားနိုင်ခဲ့ဘဲ ယခုဒဏ်ရာကြောင့် မန်ယူအတွက် ပွဲ ၅၀၀ ပြည့်ကစားခွင့်ရရန် စောင့်ဆိုင်းရတော့မည်ဖြစ်သည်။

မန်ယူ၏ဒဏ်ရာရ ကစားသမားများနှင့်ပတ်သက်ပြီး မန်ယူနည်းပြဗန်ဟားလ်က”ဒဏ်ရာက အခြေအနေဆိုးနေတယ်။ သူ့ခြေကျင်းဝတ် ပြန်ကောင်းအောင် လေ့ကျင့်ခိုင်းရပါမယ်။ နောက်ခံလူရိုဟိုရဲ့ ပခုံးအဆစ်လွဲဒဏ်ရာကို ခွဲစိတ်ဖို့ကတော့ ဆရာဝန်တွေနဲ့ ကာယကံရှင်ရဲ့အဆုံးအဖြတ်ပေါ် မူတည်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူတွင် နောက်ခံလူဖီးလ်ဂျုံးစ်နှင့် ကွင်းလယ်လူ ဟာရဲရားတို့ ဒဏ်ရာရနေပြီး လင်ဂတ်မှာမူ ၀က်စ်ဟမ်းနှင့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိနေသည်။

comments

error: Content is protected !!