ကစားသမားများ ညဘက်အပြင်ထွက်ခဲ့ခြင်းမှာ ပြဿနာမရှိဟု မော်ရင်ညိုဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးကစားသမားများ၏ ခရစ္စမတ်ပါတီအပြီး ကော်စတာအားတွေ့ရစဉ်

ချဲလ်ဆီးနည်းပြမော်ရင်ညိုက ခရစ္စမတ်ပါတီပြုလုပ်ပြီး ကြာသပတေးနေ့မနက်ပိုင်းအထိ ကစားသမားများ ညဘက်အပြင်ထွက်ခဲ့ခြင်းမှာ ပြဿနာမရှိဟု ပြောကြားလိုက်သည်။

ထိုပါတီအပြီး လန်ဒန်နိုက်ကလပ်တစ်ခုမှထွက်လာသော ချဲလ်ဆီးကစားသမားများအနက် စပါးနှင့်ပွဲတွင် လူစားမ၀င်ရ၍ ပေါက်ကွဲခဲ့သည့် ဒီယေဂိုကော်စတာလည်း ပါဝင်ခဲ့သည်။

မော်ရင်ညိုက ထိုကဲ့သို့ ကစားသမားများ ညဘက်အပြင်ထွက်ခြင်းမှာ လိုအပ်၍ဖြစ်ကြောင်း ပြောကြားပြီး “နောက်တစ်ရက်မနက်မှာ အားလုံး လေ့ကျင့်ခန်းကောင်းကောင်းဆင်းနိုင်ခဲ့တယ်။ ပျော်လည်း ပျော်နေကြတယ်။ ညစာစားပွဲက ပျော်စရာကောင်းတယ်၊ ညစားစားပွဲပြီးတဲ့နောက်ပိုင်းက ပိုပျော်စရာကောင်းတယ်လို့ ကျွန်တော့်ကို ပြောခဲ့ကြပါတယ်”ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဒီယေဂိုကော်စတာမှာ ဘုန်းမောက်နှင့်ကစားမည့် ယနေ့ညပွဲလူစာရင်းတွင် ပါဝင်လာမည်ဟုသိရပြီး ဒူးဒဏ်ရာမှသက်သာလာသော ဂိုးသမားကော်တိုရစ်မှာလည်း ဘုန်းမောက်နှင့်ပွဲ သို့မဟုတ် ပေါ်တိုနှင့် ချန်ပီယံလိဂ်ပွဲတွင် ပြန်လည်ကစားနိုင်မည်ဟု သိရသည်။

comments

error: Content is protected !!