အေစီမီလန်၏ပြဿနာမှာ ဂယ်လီယာနီဖြစ်နေဟု မာလ်ဒီနီဖွင့်ဟ
|
အေစီမီလန်ဂန္ထ၀င်ကစားသမား မာလ်ဒီနီက အေစီမီလန်၏ပြဿနာမှာ ဂယ်လီယာနီဖြစ်ပြီး ဘောလုံးအကြောင်းကို ၎င်းက နားမလည်ကြောင်း ဝေဖန်ခဲ့သည်။
အေစီမီလန်အသင်းခေါင်းဆောင်ဟောင်း မာလ်ဒီနီမှာ အမှုဆောင်အရာရှိချုပ် ဂယ်လီယာနီနှင့် လူသိရှင်ကြား ပြဿနာဖြစ်ဖူးပြီး ထိုပုဂ္ဂိုလ်ရှိနေသရွေ့ အေစီမီလန်တွင် မည်သည့်တာဝန်မှရယူမည်မဟုတ်ဟု ခန့်မှန်းခံထားရသူဖြစ်သည်။
“အေစီမီလန်ရဲ့အကောင်းဆုံးကာလတွေ ပြန်လိုချင်ရင် ရှင်းလင်းမှု၊ အတွေးအခေါ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ ဘောလုံးအကြောင်းနားလည်တဲ့လူတွေ လိုအပ်တယ်။ လောလောဆယ် အဲဒီလိုလူတွေ အေစီမီလန်မှာ မရှိပါဘူး။ ဂယ်လီယာနီက ဒါရိုက်တာကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ဘောလုံးအကြောင်း နားလည်မှုတော့ မရှိပါဘူး။ ကစားသမားတွေရဲ့အရည်အသွေးကို အကဲဖြတ်ပေးမယ့်သူ ဘယ်ကစားသမားက ပိုသင့်တော်မလဲဆိုတာ ဆုံးဖြတ်နိုင်မယ့်သူမျိုးနဲ့ သူလက်တွဲသင့်တာပါ”ဟု အေစီမီလန်တွင် ကစားသမားဘ၀တစ်လျှောက်လုံး ဖြတ်သန်းခဲ့သည့် မာလ်ဒီနီက ပြောကြားခဲ့သည်။
Next : ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု လာဇီယိုနည်းပြ ဆို